DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် မြန်မာကျောင်းသားများကို ကိုရီးယားတက္ကသိုလ်က ထောက်ပံ့ ကူညီ
DVB
·
June 16, 2025
ငလျင်ဒဏ်သင့် မြန်မာကျောင်းသားများကို ကိုရီးယားတက္ကသိုလ်က ထောက်ပံ့ ကူညီ
Donate to DVB

တောင်ကိုရီးယားနိုင်ငံ တက္ကသိုလ်တခုဖြစ်တဲ့ ဆယ်ဂျုံးတက္ကသိုလ်(Sejong University) ဟာ မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ဒေသက ကျောင်းသားတွေကို ငွေကြေးပံ့ပိုးမှုနဲ့ အကြံဉာဏ်တွေ ထောက်ပံ့ပေးအပ်သွားမယ့်အကြောင်း Korea JoongAng Daily သတင်းမှာ ဇွန် ၁၆ ရက်က ဖော်ပြပါတယ်။

တက္ကသိုလ် ထုတ်ပြန်ချက်မှာတော့ ကျောင်းအနေနဲ့ ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ဒုက္ခရောက်နေကြတဲ့ ကျောင်းသားတွေနဲ့ ချက်ချင်း စတင်ဆွေးနွေးခဲ့ပြီး ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို အခြေခံကာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကာ အခြေအနေတွေကို အကဲဖြတ်ပြီးနောက်မှာ ဝမ်ငွေ  ၅၀၀,၀၀၀ အထိ ထောက်ပံ့မယ်လို့ ဆိုပါတယ်။

မြန်မာကျောင်းသားတွေကို သူတို့ရဲ့ နိုင်ငံသားဖြစ်မှုနဲ့ နောက်ခံအခြေအနေတွေကို မခွဲခြားဘဲ ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်မှာ သူတို့ရဲ့ ပညာရေးတိုးတက်မှုအပေါ် အမြဲအာရုံစိုက်နိုင်စေဖို့ အစွမ်းကုန်ကြိုးစားပေးသွားမယ်လို့လည်း ဆယ်ဂျုံးတက္ကသိုလ် ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လက  လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးပြီး ပြည်သူလူထု တွေရဲ့ အိုးအိမ်တိုက်တာတွေ အများအပြား ပြိုကျပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားအစိုးရကတော့ အစောပိုင်းကာလမှာကတည်းက ငလျင်အပြီး အရေးပေါ် ကယ်ဆယ်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးအတွက် ကြက်ခြေနီ‌က တဆင့် ဒေါ်လာ ၂ သန်း ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သလို နောက်ထပ်အကူအညီအဖြစ် ငလျင်ဒဏ်သင့်သူတွေကို ကူညီဖို့အတွက် ရွက်ဖျင်တဲအလုံး ၅၀၀ လောက်၊ ရေသန့်ဘူး အလုံး ၄,၀၀၀ နဲ့ စောင်အထည် ၈၀,၀၀၀ လောက်ကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီမတိုင်ခင်ကလည်း တောင်ကိုရီးယားနိုင်ငံ တက္ကသိုလ်တွေဖြစ်တဲ့ ဟန်ဆောင်း တက္ကသိုလ် (Hansung University)၊ ဂါချွန်တက္ကသိုလ် (Gachon University) တွေကလည်း   မြန်မာ ငလျင်ဒဏ်သင့်ဒေသတွေက ကျောင်းသားတွေကို ပညာသင်ဆုတွေ ပေးအပ်တာ၊ ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

Source : Korea JoongAng Daily

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013