DVB Logo
Home
နိုင်ငံတကာ
တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေးပွဲ သမ္မတ ရှီကျင့်ဖျင် တက်ရောက်မည်
DVB
·
June 16, 2025
တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေးပွဲ သမ္မတ ရှီကျင့်ဖျင် တက်ရောက်မည်
Donate to DVB

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ကာဇက်စတန်နိုင်ငံ ခရီးစဉ်ဟာ တရုတ်နဲ့ ဗဟိုအာရှနိုင်ငံတွေကြား လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပေးမယ်လို့ အစိုးရနဲ့ မီဒီယာ တာဝန်ရှိသူတွေက ပြောပါတယ်။

ကာဇက်စတန် သမ္မတ ကာဆင် ဂျိုမတ် တိုကာယက်ဖ်ရဲ့ ဖိတ်ကြားချက်အရ တရုတ်သမ္မတ ရှီဟာ အဲ့စ်တာနာမြို့တော်မှာ ဇွန် ၁၆ ရက်ကနေ ၁၈ ရက်အထိ ကျင်းပမယ့် ဒုတိယအကြိမ် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေးကို တက်မှာပါ။

ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်ဟာ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်နဲ့  ဥဇဘက်ကစ္စတန် အာရှအလယ်ပိုင်း ၅ နိုင်ငံတို့နဲ့အတူ ပိုနီးကပ်တဲ့ အနာဂတ် တရုတ်-ဗဟိုအာရှ အသိုက်အဝန်း တည်ဆောက်ရေးဆီကို ဦးတည်သွားဖို့ မျှော်လင့်ထားပါတယ်။

ကာဇက်စတန်နဲ့ တရုတ်ခေါင်းဆောင်တွေဟာ အလွန်ရင်းနှီးတဲ့ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေး ရှိပါတယ်။

တရုတ်နိုင်ငံဟာ ကာဇက်စတန်ရဲ့ အရေးကြီးတဲ့ ဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်ပြီး ကာဇက်စတန်ရဲ့ အိမ်နီးချင်းနိုင်ငံလည်း ဖြစ်လို့ ဒီခရီးစဉ်ဟာ ကာဇက်စတန်အတွက် အလွန်အရေးပါလိမ့်မယ်လို့ ကာဇက်စတန် အတာမေခန် စီးပွားရေးချန်နယ်ရဲ့ အထွေထွေဒါရိုက်တာ ခါနတ် ဆာဟာရီယာ နော့​ဗ်က ပြောပါတယ်။

အဲ့စ်တာနာမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ တရုတ်-ဗဟိုအာရှနိုင်ငံတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေဟာ တရုတ်-ဗဟိုအာရှ ယန္တရားရဲ့ အောင်မြင်မှုတွေ၊ ဘောင်အတွင်း နှစ်ဖက်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ နိုင်ငံတကာနဲ့ ဒေသတွင်း အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ကြမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

ကာဇက်စတန်ရဲ့ ကုန်သွယ်ရေးနဲ့ ပေါင်းစည်းရေးဝန်ကြီး အာမန် ရှာကာလီယက်ဗ်က ထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်တွေဟာ တရုတ်နဲ့ ဗဟိုအာရှနိုင်ငံတွေကြား စီးပွားရေးနဲ့ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး အလားအလာတွေကို ပိုအသုံးချနိုင်လိမ့်မယ်လို့ ပြောပါတယ်။

စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း မြှင့်တင်နိုင်ပြီး ယဉ်ကျေးမှုနဲ့ သတင်းဖလှယ်ခြင်းတို့ကို မြှင့်တင်နိုင်မယ်၊ အဓိကပြဿနာတွေကို တိုက်ရိုက်ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်မှုယန္တရားကို ဆုံးဖြတ်ဖို့ အဆင့်မြင့် နိုင်ငံရေးဆွေးနွေးပွဲတရပ် ဖြစ်လာမယ်၊ ပြည်သူကို ထိထိရောက်ရောက် အထောက်အကူဖြစ်စေမယ့် စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု စတဲ့ နယ်ပယ်တွေမှာ ပိုပြီးသဘောတူညီချက်ရဖို့ မျှော်လင့်တယ်လို့ ကာဇက် ကုန်သွယ်ရေးဝန်ကြီးက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013