DVB Logo
Home
နိုင်ငံတကာ
ပူတင် အကူအညီဖြင့် အစ္စရေး-အီရန် ငြိမ်းချမ်းရေးရရန် ထရမ့်ပ် မျှော်လင့်
DVB
·
June 16, 2025
ပူတင် အကူအညီဖြင့် အစ္စရေး-အီရန် ငြိမ်းချမ်းရေးရရန် ထရမ့်ပ် မျှော်လင့်
Donate to DVB

အစ္စရေး-အီရန် ပဋိပက္ခ အရှိန်မြင့်လာပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ငြိမ်းချမ်းရေးရဖို့ အကောင်းမြင်ထားဆဲဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင် အကူအညီနဲ့ ဖြစ်နိုင်ခြေရှိတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အီရန်ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာခါမေနီကို အစ္စရေးက လုပ်ကြံမယ့် အစီအစဉ်ကိုလည်း ထရမ့်ပ်က တားမြစ်ခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး CBS ရုပ်သံက ဖော်ပြပါတယ်။

ဒီပြဿနာနဲ့ပတ်သက်တဲ့ အစည်းအဝေးတွေလည်း လုပ်နေပြီးတော့ နှစ်နိုင်ငံ သဘောတူညီမှု ယူကြဖို့လည်း ထရမ့်ပ်က လူမှုကွန်ရက်ပို့စ်တခု ရေးသားခဲ့ပါတယ်။

ABC ရုပ်သံနဲ့ အင်တာဗျူးမှာတော့ ပူတင်က ကြားဝင်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပေးဖို့ တံခါးဖွင့်ပေးထားတယ်လို့ ပြောကြားထားပါတယ်။

အစ္စရေးနဲ့ အီရန်ဟာ ဇွန် ၁၅ ရက်ညမှာလည်း အပြန်အလှန် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး အသေအပျောက် ရှိနေပါတယ်။

ထရမ့်ပ်ရဲ့ မှတ်ချက်ဟာ အစည်းအဝေးတွေ ဘယ်လိုလုပ်နေသလဲ၊ ဆွေးနွေးမှု တိုးတက်မှုရှိသလား ဆိုတာတော့ ထရမ့်ပ်က ပြောမသွားပါဘူး။

အီရန်အပေါ် စစ်ဆင်ရေးအရှိန်မြှင့်သွားမယ်လို့ ပြောထားတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ ပြောကြားချက်နဲ့လည်း ကွဲလွဲမှုရှိနေပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် ကတော့  အစ္စရေး-အီရန် ပဋိပက္ခကို ကြားဝင်ဖြေရှင်းဖို့ ပူတင်ကို ယုံကြည်စရာအကြောင်းမရှိဘူးလို့ ဂရင်းလန်ကျွန်းကို လာရောက်ချိန်မှာ ပြောကြားခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်ကို ထရမ့်ပ်က ဝယ်ဖို့ ပြောထားချိန်မှာ မက်ခရွန်က ဒိန်းမတ်ဝန်ကြီးချုပ်နဲ့အတူ ဂရင်းလန်ကို လာရောက်အင်အားပြခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013