DVB Logo
Home
နိုင်ငံတကာ
ဒေါ်နယ်ထရမ့်ပ် မွေးနေ့ ဗိုလ်ရှုခံစဉ် နိုင်ငံတဝန်း ဆန္ဒပြ (ဓာတ်ပုံ) 
DVB
·
June 16, 2025
ဒေါ်နယ်ထရမ့်ပ် မွေးနေ့ ဗိုလ်ရှုခံစဉ် နိုင်ငံတဝန်း ဆန္ဒပြ (ဓာတ်ပုံ) 
1 / 9
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဇွန် ၁၄ ရက်မှာ သူ့မွေးနေ့နဲ့ ကြည်းတပ်မတော်နေ့ တိုက်ဆိုင်ပြီးတော့ စစ်ရေးပြအခမ်းအနားနဲ့ ဗိုလ်ရှုခံနေချိန်မှာပဲ နိုင်ငံတဝန်းက မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ထရမ့်ပ် ပြန်အရွေးခံရပြီးနောက်ပိုင်း အကြီးဆုံးဆန္ဒပြပွဲတွေဖြစ်ပေမဲ့ စစ်တမ်းတွေအရတော့ ထရမ့်ပ်ရဲ့ ရွှေ့ပြောင်းမူဝါဒဟာ လူထုကြားမှာ လူကြိုက်များနေဆဲလို့ ဖော်ပြပါတယ်။

“No Kings” (ဘုရင်တွေမရှိ) လို့ အမည်ပေးထားတဲ့ အဖွဲ့က ဦးစီးပြီးတော့ ဆန္ဒပြပွဲတွေကို ကျင်းပနေတာ ဖြစ်ပါတယ်။

ထရမ့်ပ်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့နဲ့ ကြည်းတပ်မတော် ထူထောင်မှု နှစ် ၂၅၀ ပြည့် တိုက်ဆိုင်ပြီးတော့ ဝါရှင်တန်ဒီစီမှာ ရှားရှားပါးပါး စစ်ရေးပြအခမ်းအနား ပြုလုပ်တာဖြစ်ပါတယ်။

နယူးယောက်၊ ဖီလ်ဒဲဖီးယားနဲ့ ဟူစတန်မှာ အမေရိကန်အလံတွေ၊ ထရမ့်ပ်ကို ဝေဖန်တဲ့ စာတန်းတွေ ကိုင်ဆောင်ထားတဲ့ လူအုပ်ကြီးတွေကို လွှတ်တော်အမတ်တွေ၊ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက မိန့်ခွန်းပြောခဲ့ကြပါတယ်။

ဆန္ဒပြပွဲ စီစဉ်သူတွေကတော့ နိုင်ငံတဝန်း ဆန္ဒပြပွဲ ရာချီဖြစ်ပွားခဲ့ပြီး ပါဝင်သူ သန်းချီတယ်လို့ ထုတ်ပြန်ထားပါတယ်။

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အင်အားသုံး ဖမ်းဆီးရာကနေ မငြိမ်သက်မှုတွေ ဖြစ်ပွားခဲ့တဲ့ လော့စ်အိန်ဂျလိစ်မြို့မှာလည်း ဆန္ဒပြပွဲတွေက အင်အားကောင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ် CBS/YouGov စစ်တမ်းအရ အမေရိကန်ထဲမှာ တရားမဝင်ရှိနေတဲ့ ရွှေ့ပြောင်းတွေကို နှင်ထုတ်တဲ့ မူဝါဒကို အမေရိကန်နိုင်ငံသား ၅၄ ရာခိုင်နှုန်းက သဘောတူပြီးတော့ ၄၆ ရာခိုင်နှုန်းကပဲ သဘောမတူဘူးလို့ တွေ့ရပါတယ်။

ထရမ့်ပ်ရဲ့ စီမံချက်တွေကြောင့် ပိုဘေးကင်းတယ်လို့ ၄၂ ရာခိုင်နှုန်းက ဖြေကြားခဲ့ပြီး အန္တရာယ်ကြီးတဲ့ ရာဇဝတ်ကောင်တွေကို နှင်ထုတ်ဖို့သာ ထရမ့်ပ်က ဦးစားပေးနေတာ ဖြစ်တယ်လို့ ၅၃ ရာခိုင်နှုန်းက ဖြေကြားခဲ့ပါတယ်။

ထရမ့်ပ်ဟာ သမ္မတလုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်ပြီးတော့ ဘုရင်တပါးလို လုပ်ဆောင်နေတယ်လို့ No Kings ဆန္ဒပြပွဲ စီစဉ်သူတွေက ပြောပါတယ်။

သမ္မတဟာ စစ်သည်တွေ၊ တင့်ကားတွေနဲ့ ချီတက်စစ်ရေးပြတာကို ကြည့်ရှုခဲ့ပြီး စစ်ရေးပြသူတွေကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

“ကျုပ်တို့ စစ်သားတွေ ဘယ်တော့မှ အရှုံးမပေးဘူး၊ ဘယ်တော့မှ လက်နက်မချဘူး၊ ဘယ်တော့မှ နောက်မဆုတ်ဘူး။ သူတို့ ချ၊ ချ၊ ချ။ သူတို့ နိုင်၊ နိုင်၊ နိုင်” လို့ ကြွေးကြော်ခဲ့ပါတယ်။

ဒေါ်လာ ၂၅ သန်းကနေ ၄၅ သန်းကြား ကုန်ကျနိုင်တဲ့ ဒီစစ်ရေးပြပွဲရဲ့ ကုန်ကျစရိတ်အပေါ်  ဝေဖန်မှုတွေ ရှိနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013