DVB Logo
Home
နိုင်ငံတကာ
Air India လေယာဉ်ပျက်ကျသည့် အကြောင်းရင်းသိနိုင်ရန် Black Box ရှာတွေ့
DVB
·
June 15, 2025
Air India လေယာဉ်ပျက်ကျသည့် အကြောင်းရင်းသိနိုင်ရန် Black Box ရှာတွေ့
Donate to DVB

Air India လေယာဉ်ပျက်ကျတဲ့နေရာမှာ ခရီးစဉ်အတွက် အင်မတန်ရေးပါတဲ့ Black Box တခုကို ရှာတွေ့ပြီလို့ လေကြောင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးက အတည်ပြုပါတယ်။

အခင်းဖြစ်ပြီးနောက် ၂၈ နာရီအတွင်း အိန္ဒိယလေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးဗျူရိုအဖွဲ့ (AAIB) က Black Box ကို ပြန်ရယူနိုင်ခဲ့တာလို့ ဆိုပါတယ်။ 

Black Box အဖြစ်သိထားကြတဲ့ လေကြောင်းခရီးစဉ်ဆိုင်ရာ အချက်အလက်မှတ်တမ်းတင် အီလက်ထရောနစ်ကိရိယာဟာ အရွယ်အစားအရ သေးငယ်ပေးမယ့်လည်း အလွန်ခိုင်ခံ့မှု ရှိပါတယ်။ 

ပုံမှန်အားဖြင့် လေယာဉ်တွေမှာ Black Box ၂ လုံးပါဝင်လေ့ရှိပြီး အဲဒီထဲကတခုဟာ အမြင့်ပေနဲ့ အမြန်နှုန်းလိုမျိုး လေယာဉ်နဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ပေးပါတယ်။ 

နောက်တခုကတော့ လေယာဉ်မောင်းတဲ့အခန်းရဲ့  အသံမှန်သမျှကို ဖမ်းယူထားပြီး ဒါဟာ လေယာဉ်မှူးတွေကြား စကားပြောဆိုတာနဲ့ ပုံမှန်မဟုတ်တဲ့ ဆူညံသံတွေအထိ ပြန်နားထောင်နိုင်ဖို့ ဖြစ်ပါတယ်။ 

ဒါမှပဲ အခင်းဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ 

Air India ရဲ့ ထုတ်ပြန်ချက်အရ Boeing 787 - Dreamliner လေယာဉ်ပေါ်မှာ အိန္ဒိယနိုင်ငံသား ၁၆၉ ယောက်၊ ဗြိတိန်နိုင်ငံသား ၅၃ ယောက်၊ ပေါ်တူဂီနိုင်ငံသား ၇ ယောက်နဲ့ ကနေဒါနိုင်ငံသား ၁ ယောက်တို့ လိုက်ပါလာခဲ့ပြီး တယောက်ပဲ ရှင်ကျန်ခဲ့တယ်လို့ သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013