DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါတွင် စစ်တပ်က ကလေးများ အပါအဝင် ပြည်သူ ၁၅ ဦးကို ဖမ်းဆီးသွား
DVB
·
June 15, 2025
ဂန့်ဂေါတွင် စစ်တပ်က ကလေးများ အပါအဝင် ပြည်သူ ၁၅ ဦးကို ဖမ်းဆီးသွား
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲကကျေးရွာကို ဇွန် ၁၂ ရက်နေ့မှာ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ်တွေ အပါအဝင် ပြည်သူ ၁၅ ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ဂန့်ဂေါ ပအဖ) ဆီကနေ သိရပါတယ်။

ဂန့်ဂေါ ပအဖ ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆရာငြိမ်း က “ခလရ ၅၀ တပ်ရင်းက စစ်သားအင်အား ၂၀ ကျော်လောက်က ဂန့်ဂေါမြောက်ပိုင်းမှာရှိတဲ့ ရွာစည် (ရွာဟောင်း) ရွာထဲကို ညဉ့်နက်ပိုင်းကြီးမှာ ရုတ်တရက်ဝင်လာပြီးတော့ ပြည်သူတွေကို အကြောင်းပြချက်မရှိဘဲ ဖမ်းသွားတာပါ။ အမျိုးသားနဲ့ အမျိုးသမီးတွေ ၁၅ ယောက်လောက်ဖမ်းသွားတဲ့အထဲမှာ ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ပါသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖမ်းဆီးသွားသူတွေကို ခလရ ၅၀ တပ်ရင်းထဲကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့လည်း ဆိုပါတယ်။

ဂန့်ဂေါ ပအဖ တာဝန်ခံ ကိုဖိုးလှ က “ဟုတ်တယ်ဗျ။ ရွာစည်ကနေ ခလရ ၅၀ ထဲကိုဖမ်းခေါ်သွားတဲ့အထဲမှာ အသက် ၄၀ ကျော် အမျိုးသမီး ၂ ယောက်ပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေက ၄ ယောက် ပါသွားတယ်။ ၁၀ နှစ်အောက်က ၂ ယောက်နဲ့ ၁၈ အောက်က ၂ ယောက်ပါ။ သူတို့ကို ခလရ ၅၀ ထဲမှာ ဘာအကြောင်းမှမရှိဘဲ ဖမ်းထားတာ ၂ ရက်ရှိနေပြီ” လို့ DVB ကို ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ မိသားစုနဲ့လည်း အဆက်အသွယ်မရသလို ဇွန် ၁၄ ရက်နေ့ ညဦးပိုင်းအထိ ပြန်မလွတ်လာသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ်၊ မကျည်းခင်ကျေးရွာကို ခလရ ၅၀ က စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ပြီး ပြည်သူ ၅ ယောက်ကို အကြောင်းမဲ့ဖမ်းဆီးသွားပြီး ၄ ယောက်ကတော့ နောက်ရက်မှာ ပြန်လွတ်လာခဲ့ပါတယ်။

အခုရက်ပိုင်းမှာ ဂန့်ဂေါမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး ကျေးရွာတွေကို ရုတ်တရက် စစ်ကြောင်းထိုးဝင်ရောက်၊ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးနေသလို ဆက်ပြီးတော့လည်း လုပ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သတိဝီရိယနဲ့ နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013