DVB Logo
Home
နိုင်ငံတကာ
LA Gold Cup ဘောလုံးပွဲ မတိုင်ခင် ရွှေ့ပြောင်းအခြေချသူများ နှိမ်နင်းရေးကို ရပ်ပေးရန် မက္ကဆီကိုသမ္မတ တောင်းဆို
DVB
·
June 15, 2025
LA Gold Cup ဘောလုံးပွဲ မတိုင်ခင် ရွှေ့ပြောင်းအခြေချသူများ နှိမ်နင်းရေးကို ရပ်ပေးရန် မက္ကဆီကိုသမ္မတ တောင်းဆို
Donate to DVB

လော့စ်အိန်ဂျလိစ်မှာ ဂိုးလ်ဒ်ကပ်ဘောလုံးပွဲတွေရဲ့ တစိတ်တပိုင်းအဖြစ်  ဇွန် ၁၄ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မက္ကဆီကိုအသင်းနဲ့ ဒိုမီနီကန်သမ္မတနိုင်ငံတို့အကြား ပြိုင်ပွဲမတိုင်ခင်မှာ အမေရိကန် ပြည်ထောင်စု ရွှေ့ပြောင်းအရေးဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ဘာအရေးယူမှုတွေမှ မလုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်လို့ မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်က ဇွန် ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

လော့စ်အိန်ဂျလိစ်ရှိ ဆိုဖှီအားကစားရုံမှာ ကျင်းပမယ့်ပွဲကို တက်ရောက်ကြမယ့် မက္ကဆီကို နိုင်ငံသားတွေဆီကို ဖုန်းခေါ်ဆိုမှု လုပ်မှာလား ဆိုတဲ့ သတင်းထောက်ရဲ့မေးခွန်းကို ရှိန်းဘောင်းမ်က တုံ့ပြန်ဖြေကြားခဲ့တာပါ။ 

“ဘောလုံးပွဲ ရှိတယ်လို့ ထည့်သွင်းစဉ်းစားပေးပြီး အရေးယူတာမျိုး မရှိဖို့တော့ မျှော်လင့်ထားပြီး အမေရိကန်ပြည်ထောင်စုရှိ ရွှေ့ပြောင်းအခြေချမှုနဲ့ အကောက်ခွန်ဌာနကနေ အရေးမယူဖို့ တောင်း ဆို ထားပါတယ်”လို့ မက္ကဆီကိုသမ္မတ ရှိန်းဘောင်းမ်က ပြောပါတယ်။ 

အမေရိကန်နိုင်ငံရှိ မက္ကဆီကန်ကောင်စစ်ဝန်ရုံးတွေကလည်း တကယ်လို့ ဆွေမျိုးသားချင်းတွေ ဖမ်းဆီးခြင်းခံရတယ်ဆိုရင် ညွှန်ကြားချက်တွေ ထုတ်ပြန်ပါလိမ့်မယ်လို့လည်း ပြောဆိုပါတယ်။

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် အစိုးရက ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့အပြီး အရင်တပတ်ကတည်းက ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ မြို့တော်လမ်းမတွေပေါ်မှာ လူမှုဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013