DVB Logo
Home
မြန်မာသတင်း
ပုလဲ၊ မင်းတိုင်ပင်ရွာကို စစ်တပ်က ဗုံး ၄ ကြိမ်ကြဲသဖြင့် ရွာမီးလောင်
DVB
·
June 14, 2025
ပုလဲ၊ မင်းတိုင်ပင်ရွာကို စစ်တပ်က ဗုံး ၄ ကြိမ်ကြဲသဖြင့် ရွာမီးလောင်
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မင်းတိုင်ပင်ရွာနဲ့ အနီးတဝိုက်ကို စစ်တပ်က ဇွန် ၁၄ ရက် ဒီမနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တံတားဦးနဲ့ မိတ္ထီလာ လေဆိပ်ကနေတက်လာတဲ့ လေယာဉ်တွေနဲ့ လာရောက်ဗုံးကြဲတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “ကနဦး ဂျက်ဖိုက်တာတစင်းက မနက်ခင်း ၉ နာရီ ၂၀ မှာ ဗုံးလာကြဲတယ်။ နောက်ထပ်တစင်းက ၁၀ နာရီ ၁ မိနစ်မှာ ထပ်လာ‌‌ကြဲပြန်တယ်ဗျ။ နောက်ထပ်တစင်းက ၁၀ နာရီ ၇ မိနစ်မှာ တကြိမ်ကြဲသွားပြီး လမ်းကနေ နောက်ထပ်ပြန်လှည့်ပြီး ၁၀ နာရီ ၂၂ မိနစ်မှာ တကြိမ် စုစုပေါင်း ၄ ခါကြဲတာ။ ကြဲတဲ့နေရာတွေက ရွာထဲ‌ရော ရွာအနီးတဝိုက် ပတ်ပတ်လည်ကိုကြဲချသွားတာ။ ရွာထဲကျတဲ့ဗုံးတွေကြောင့် လူနေအိမ်တွေမီးလောင်နေတယ်ဗျ။ နောက်ထပ်လာကြဲဦးမှာကိုကြောက်လို့ ဘယ်သူမှရွာထဲပြန်ဝင်ပြီး မီးမငြှိမ်းရဲသေးဘူး။ အခု ညနေ ၃ နာရီခွဲတဲ့အထိ ရွာထဲကအိမ်တွေ မီးလောင်နေတယ်။ အသက် ၄၀ ဝန်းကျင်အမျိုးသားတဦးလည်း  စစ်တပ်ကဗုံးကြဲလို့ ခြေထောက်တဖက် ဒဏ်ရာပြင်းထန်ရတယ်။ ခြေထောက်ကတော့ ဖြတ်ပစ်ရမယ်ထင်တယ်” လို့ ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ကန့်ဒေါင့်ရွာကို လေယာဉ်နဲ့ ဗုံးကြဲပစ်ကူပေးနေရုံတင်မက  တိုက်ပွဲမရှိတဲ့ကျေးရွာတွေကိုပါ တိုက်ခိုက်နေတာလို့လည်း သိရပါတယ်။

သခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူ ဗိုလ်‌ဒေါင်းညိုက “ကျနော်တို့  မင်းတိုင်ပင်ကို ကနဦးဆုံး လေယာဉ်ကြဲလို့ သွားရောက်ကူညီကယ်ထုတ်ပေးနေပါတယ်။ သူတို့ဗုံးကြဲတဲ့ပုံစံက အရပ်သားတွေကို ခြောက်လှန့်တာမဟုတ်ဘဲ ရွာလုံးကျွတ်အကုန်သေဆိုတဲ့ သဘောနဲ့ကြဲချတာ။ အရင်ဆုံး ရွာအနောက်ပိုင်းကို ကြဲချတယ်။ ဒုတိယရွာအရှေ့ပိုင်းကို ကြဲချတယ်။ တတိယအခေါက်ကျတော့ ရွာရဲ့တောင်ပိုင်း၊ မြောက်ပိုင်းကို ကြဲတယ်။ နောက်ဆုံး စတုတ္ထအခေါက်ကျတော့ ရွာအနီးအနားတွေကို ပတ်ကြဲတာ။ အဲဒီကြဲတဲ့ပုံစံကိုကြည့်ခြင်းအားဖြင့်  တရွာလုံးက အရပ်သားတွေကို အသေသတ်နေတာ လို့ ပြောလို့ရတယ်။ ရွာထဲမီးကလည်းလောင်နေတယ်။ ရွာထဲက သက်ကြီးရွယ်အိုတွေလည်း ကျန်ခဲ့‌သေးတော့ ကျနော်တို့ အသက်စွန့်ကယ်ထုတ်ပေးနေရတယ်။ မီးလောင်တဲ့အထဲပိတ်မိပြီး သေဆုံးနိုင်တဲ့ လူကြီတွေလည်းရှိနိုင်တယ်။ အခုကတော့ ကျနော်တို့သခင်ဒေါင်းညိုဦးစီးပြီး တဖွဲ့လုံး ကူညီပေးနေပါတယ်။ မီးလောင်ပိတ်မိသူတွေရှိလား၊ မရှိဘူလားတော့ ကျနော်တို့ အတိအကျ ပြောလို့မရသေးဘူး” လို့ ပြောပါတယ်။

ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာမှာ စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတာ ၁၃ ရက်ကြာနေပြီဖြစ်ပြီး စစ်တပ်ဘက်က အကျဆုံးများနေတာကြောင့် စခန်းကျမယ့် အခြေအနေရှိတယ်လို့လည်း သိရပါတယ်။

ပြီးတော့ ကန့်ဒေါင့်စခန်းအတွင်းကနေ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီ အလင်းဝင်ရောက်တဲ့ စစ်သား၊ ရဲတွေလည်းရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်တုန်းက ပုလဲမြို့နယ်ထဲမှာ စစ်ကူလာတဲ့ တိုက်လေယာဉ်တစင်းကို တော်လှန်ရေးတပ်တွေက ပစ်ခတ်ခဲ့လို့ ပျက်ကျမီးလောင်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013