DVB Logo
Home
နိုင်ငံတကာ
လေယာဉ်ပျက်ကျမည်ဟု အိန္ဒိယနက္ခတ်ဗေဒင်ပညာရှင် ဟောကိန်းထုတ်ပြီး ကြိုတင်သတိပေးခဲ့
DVB
·
June 13, 2025
လေယာဉ်ပျက်ကျမည်ဟု အိန္ဒိယနက္ခတ်ဗေဒင်ပညာရှင် ဟောကိန်းထုတ်ပြီး ကြိုတင်သတိပေးခဲ့
Donate to DVB

အိန္ဒိယလေကြောင်းလိုင်း Air India  လေယာဉ် မပျက်ကျခင် တပတ်အလိုက အိန္ဒိယနက္ခတ်ဗေဒင်ပညာရှင်တယောက်က ဟောကိန်းထုတ် သတိပေးထားခဲ့တယ်လို့ Daily Mail သတင်းမှာ ဖော်ပြပါတယ်။

ဇွန် ၁၂ ရက်မနက်ပိုင်းက အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ အာမက်ဒါဘက်မြို့ကနေ လန်ဒန်ကို ထွက်ခွာတဲ့ Boeing 787 Dreamliner လေယာဉ်ဟာ ထွက်ခွာပြီး စက္ကန့်ပိုင်းအကြာမှာပဲ ပျက်ကျသွားခဲ့လို့ လူပေါင်း ၂၄၀ ကျော်သေဆုံးသွားခဲ့ရတာပါ။

လူမှုကွန်ရက်မှာ Astro Sharmistha နာမည်နဲ့ လူသိများတဲ့ နက္ခတ်ဗေဒင်ပညာရှင်က မနှစ်ကပဲ ‘၂၀၂၅ ခုနှစ်မှာ လေယာဉ်ပျက်ကျမှု သတင်းခေါင်းစဉ်တွေဟာ ကျမတို့ကို တုန်လှုပ်စေနိုင်တယ်လို့’ သူ့ရဲ့ တွစ်တာ(X)မှာ ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့တပတ် ဇွန် ၅ ရက်မှာလည်း သူ့ရဲ့ခန့်မှန်းချက်ကို ထပ်ပြောလာခဲ့ပြီး  “၂၀၂၅ ခုနှစ်မှာ လေယာဉ်ပျက်ကျမှုနဲ့ လေကြောင်းပျက်စီးမှု ခန့်မှန်းချက်ကို ကျမ အခိုင်အမာဆုပ်ကိုင်ထားတုန်းပါပဲ” လို့  လူမှုကွန်ရက် X ကနေ သတိပေးခဲ့ပါတယ်။

သူ့ရဲ့ အဲဒီဟောကိန်းပို့စ်ဟာ မနေ့ကလေယာဉ်ပျက်ကျအပြီးမှာတော့ လူမှုကွန်ရက်သုံးသူတွေကြား အံ့အားသင့်စေခဲ့ပြီး မြန်မြန်ပျံ့နှံ့သွားခဲ့ပါတယ်။

‘မင်းရဲ့ တိကျမှုကို ထပ် သက်သေပြလိုက်ပြန်ပြီ ... လေယာဉ်ပျက်ကျမယ့် မင်းရဲ့ခန့်မှန်းချက်ကြောင့် ငါ စကားတောင် မပြောနိုင်တော့ဘူး’ လို့ X သုံးစွဲသူတယောက်က မှတ်ချက်ပေးသလို ‘မင်းရဲ့ခန့်မှန်းချက်တွေက ဘယ်လိုများ ဒီလောက်အမြဲတမ်း တိကျနေရတာလဲ’ လို့ ရေးသားခဲ့ပါတယ်။

‘ကြာသပတေးဂြိုဟ်ဟာ တလကို ၆ ဒသမ ၅ ဒီဂရီနှုန်းလောက်နဲ့ မေထုန်ရာသီထဲက မရုဂါရှိရ နဲ့ အာဒြာ နက္ခတ်တွေဆီ ရောက်တဲ့အခါ လေကြောင်းလိုင်းတွေ ပိုမိုဖွံ့ဖြိုးလာပါနိုင်ပေမဲ့ ဒီအချိန်မှာ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေရှိလာနိုင်တယ်’ လို့ Astro Sharmistha ရဲ့ ခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။

လေကြောင်းကျွမ်းကျင်သူတွေက လေယာဉ်ဟာ ထွက်ခွာပြီးနောက် ပျံသန်းမှုရဲ့ အရေးကြီးဆုံးအဆင့်မှာ ရုတ်တရက် ပါဝါဆုံးရှုံးသွားတာဖြစ်ပြီးတယ်လို့ပြောပြီး လေလမ်းကြောင်းနဲ့ အရှိန် ရုတ်တရက်ပြောင်းလဲတာ၊ ငှက်နဲ့တိုက်မိတာတို့ကြောင့် အင်ဂျင် ၂ လုံးစလုံး ရပ်တန့်သွားတာ ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။

အမေရိကန်လေတပ်က လေယာဉ်မှူးဟောင်းနဲ့ စီးပွားရေးလေကြောင်း ဘေးအန္တရာယ်ဆိုင်ရာ အတိုင်ပင်ခံ ဗိုလ်မှူးကြီးတယောက်ကလည်း ဖြစ်နိုင်ခြေတွေအများကြီးရှိပြီး  အင်ဂျင်စွမ်းဆောင်ရည် ပြဿနာတွေ၊ လေယာဉ်အလေးချိန်များတာ၊ အတောင်ပံပြင်ဆင်မှု မကောင်းတာ ဒါမှမဟုတ် လေယာဉ်ရဲ့တက်နိုင်စွမ်းကို ထိခိုက်စေတဲ့ ပြင်းထန်တဲ့ ချို့ယွင်းမှုတခုခု ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

flightradar24  ရဲ့ ကနဦးပျံသန်းမှုခြေရာခံ အချက်အလက်တွေဟာ လေယာဉ်ဟာ ထွက်ခွာပြီးနောက် ပေ ၆၀၀ ကျော်အမြင့်ကိုရောက်ခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်ပျံတက်သွားတဲ့ ရုပ်သံမှတ်တမ်းတွေမှာလည်း လေယာဉ်ပျံတက်သွားတာဟာ အခြေအနေကောင်းပြီး အင်ဂျင် ၂ လုံးစလုံး ရပ်တန့်သွားတာဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

အဲဒီလေယာဉ်မှာ  အိန္ဒိယနိုင်ငံသား ၁၅၉ ယောက်၊ ဗြိတိန်နိုင်ငံသား ၅၃ ယောက်၊ ပေါ်တူဂီ ၇ ယောက်နဲ့ ကနေဒါနိုင်ငံသား ၁ ယောက်ပါဝင်ပြီး  အဲဒီထဲမှာ မွေးကင်းစ ၂ ယောက်အပါအဝင် ကလေး ၁၁ ယောက်လည်း ပါပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013