DVB Logo
Home
မြန်မာသတင်း
ထိုင်ဝမ်သင်္ဘော မီးလောင်မှု၌ ပျောက်ဆုံးသွားသည့် မြန်မာ အပါအဝင်  သင်္ဘောသားများကို ရှာဖွေ
DVB
·
June 12, 2025
ထိုင်ဝမ်သင်္ဘော မီးလောင်မှု၌ ပျောက်ဆုံးသွားသည့် မြန်မာ အပါအဝင်  သင်္ဘောသားများကို ရှာဖွေ
Donate to DVB

ထိုင်ဝမ်အခြေစိုက် ဝန်ဟိုင်းသင်္ဘောလိုင်းက ကွန်တိန်နာတင် သင်္ဘောတစင်းဟာ အိန္ဒိယ အနောက်တောင် ကမ်းရိုးတန်းမှာ တနင်္လာနေ့က မီးလောင်မှုဖြစ်ပွားပြီး ပျောက်ဆုံးသွားတဲ့ မြန်မာ အပါအဝင် သင်္ဘာသား ၄ ယောက်ကို ဆက်လက်  ရှာဖွေနေပါတယ်။ 

ဇွန် ၉ ရက် နေ့လယ်က MV Wan Hai 503   အမည်ရှိ သင်္ဘောပေါ် မီးလောင်မှုဖြစ်ပြီး  ကယ်ဆယ်ထားခဲ့တဲ့ သင်္ဘောသား ၁၈ ယောက်ကို အိန္ဒိယရေတပ်က လိုက်ပါစောင့်ရှောက်ပြီး မန်ဂါလူရူဆိပ်ကမ်းမြို့ ရှိ ဆေးရုံကို ပို့ပေးခဲ့တာလို့  အိန္ဒိယသတင်းမှာဖော်ပြပါတယ်။

ထိုင်ဝမ် ၂ ယောက်၊ အင်ဒိုနီးရှားနိုင်ငံသား တယောက်နဲ့ မြန်မာနိုင်ငံသား သင်္ဘောသားတယောက် စုစုပေါင်း ၄ ယောက် ပျောက်ဆုံးနေဆဲပဲလို့ အိန္ဒိယမှာရှိတဲ့ တိုင်ပေ စီးပွားရေးနဲ့ ယဉ်ကျေးမှုစင်တာအရ သိရပါတယ်၊

ကယ်တင်နိုင်ခဲ့တဲ့  သင်္ဘောသား ၁၈ ယောက်ထဲမှာ   ၅ ယောက်က ထိခိုက်ဒဏ်ရာရသွားကြောင်း ဒီအထဲမှာ တရုတ်နိုင်ငံသား ၂ ယောက် မီးလောင်ဒဏ်ရာရပြီး မြန်မာနိုင်ငံသား တယောက်ကတော့မျက်နှာမှာ မီးလောင်ကျွမ်းခဲ့ကာ တခြား မြန်မာတယောက်ကလည်း မီးလောင်ဒဏ်ရာ ဖြစ်သွားပါတယ်။ အင်ဒိုနီးရှား  သင်္ဘောသား တယောက်ကတော့ စိုးရိမ်စရာ မီးလောင် ဒဏ်ရာတွေပိုရသွားပေမဲ့ သတိရှိနေဆဲလို့ဆိုပါတယ်။

MV Wan- Hai 503   ဝန်ဟိုင်း ၅၀၃ သင်္ဘောဟာ စနေနေ့ညနေက  သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းကနေ ထွက်ခွာလာတာဖြစ်ပြီး ကြာသပတေးနေ့မှာ မွန်ဘိုင်းကိုရောက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

အခြေအနေကို အကဲခတ်ဖို့နဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေး ထောက်ပံပစ္စည်းတွေ  အိန္ဒိယ အစိုးရက လေယာဉ်နဲ့ ချပေးခဲ့သလို အိန္ဒိယ ရေတပ်ကလည်း ကူညီပေးဖို့ အချင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေပါတယ်။Photo: India Shipping News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013