
စပို့တင်းတိုက်စစ်မှူး ယိုကရက်စ်ဟာ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့လာမယ်ဆိုရင် ရုန်းကန်ရနိုင်ကြောင်း အင်္ဂလန်နောက်ခံလူဟောင်း ဖာဒီနန်က ပြောပါတယ်။
ယိုကရက်စ်ဟာ မန်ယူ၊ အာဆင်နယ်အသင်းတွေနဲ့ အပြောင်းအရွှေ့သတင်း ထွက်နေသူဖြစ်ပြီး စပို့တင်းမှာ အတူလက်တွဲခဲ့တဲ့ မန်ယူနည်းပြ အာမိုရင်နဲ့ ပြန်လည်ပေါင်းစည်းနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။
အင်္ဂလန်နဲ့ မန်စီးတီးနောက်ခံလူဟောင်း လက်စ်ကော့နဲ့ Podcast အစီအစဉ်မှာတော့ ယိုကရက်စ်ဟာ မန်ယူအသင်းအတွက် မှန်ကန်တဲ့တိုက်စစ်မှူးမဟုတ်ဘဲ ပရီးမီးယားလိဂ်မှာ ရုန်းကန်ရနိုင်ကြောင်း ဖာဒီနန်က သုံးသပ်ခဲ့တာပါ။
ယိုကရက်စ်ရဲ့ ကစားပုံကို အများကြီး မကြည့်ဘူးပေမဲ့ ၃ ပွဲလောက် လေ့လာကြည့်ရှုခဲ့ဖူးကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအရ အဆင်ပြေနိုင်ပေမဲ့ မိမိမြင်မိသလောက် ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ဖို့ အခွင့်အရေး မရှိနိုင်ကြောင်း ဖာဒီနန်က သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။