
အင်္ဂလန်နောက်ခံလူ အာနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကျောနံပါတ် ၆၆ ဂျာစီကို ဝတ်ဆင်ခွင့်ရမှာ မဟုတ်လို့ နံပါတ် ၁၂ ကို ရွေးချယ်ဝတ်ဆင်သွားမှာပါ။
အာနိုးလ်ဟာ လီဗာပူးသင်းမှာ ကျောနံပါတ် ၆၆ ဂျာစီကိုသာ ဝတ်ဆင်ကစားခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ရာမှာတော့ သူဝတ်နေကျ ကျောနံပါတ်ကို ဝတ်ဆင်ခွင့်မရ ဖြစ်ခဲ့တာပါ။
လာလီဂါပြိုင်ပွဲစည်းမျဉ်းအရ ပထမအသင်းက ကစားသမားတွေကို ကျောနံပါတ် ၂၅ ထက်ပိုပြီး ကြီးတဲ့နံပါတ်ကို ဝတ်ဆင်ခွင့်မရှိတာပါ။
အာနိုးလ်ဟာ ရီးရဲလ်အသင်းမှာ မာဆယ်လို ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၂ ကို ရွေးချယ်ခဲ့ပြီး သူ့ရဲ့ ကျောနံပါတ်ဟောင်း ၆၆ ရဲ့ ပေါင်းခြင်းကလည်း ၁၂ ဖြစ်တာကြောင့် ရွေးချယ်ခဲ့တာလို့ သိရပါတယ်။
အသက် ၂၆ နှစ်ရှိ အင်္ဂလန်ညာနောက်ခံလူဟာ ရီးရဲလ်အသင်းနဲ့ တရားဝင်မိတ်ဆက်နိုင်ခြင်း မလုပ်ဆောင်နိုင်ပေမဲ့ မကြာခင်ရက်ပိုင်းအတွင်းမှာ အပြီးသတ်ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။