
မန်ယူတောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်အသင်း ၃ သင်းအထိ အပြိုင်ဖြစ်နေပါတယ်။
ဆန်ချိုဟာ ချဲလ်ဆီးမှာ တရာသီအငှားထွက်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပေမဲ့ ချဲလ်ဆီးအသင်းက ပေါင် ၅ သန်း လျော်ကြေးပေးပြီး အပြီးသတ်ခေါ်ယူခြင်း မရှိခဲ့တာပါ။
မန်ယူအသင်းမှာလည်း အနာဂတ်မရှိနိုင်တော့တဲ့ ဆန်ချိုကို ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ စပါး၊ အက်စ်တန်ဗီလာနဲ့ နယူးကာဆယ်အသင်းတွေက အပြိုင်ကြိုးပမ်းမယ်လို့ The Sun သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ အသင်း ၃ သင်းဟာ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲ အသီးသီးယှဉ်ပြိုင်ကစားကြမယ့် အသင်းတွေဖြစ်ပြီး ဆန်ချိုရဲ့ အတွေ့အကြုံတွေကို အသုံးချဖို့ ဆန္ဒရှိနေကြတာဖြစ်တယ်လို့ သိရပါတယ်။ဆန်ချိုဟာ မနှစ်က ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲအထိ ကစားခဲ့ပြီး ၅ ဂိုးသွင်း ၈ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့သူပါ။
၂၀၂၁ ခုနှစ်က ဒေါ့မွန်ကနေ မန်ယူအသင်းဆီ ပြောင်းရွှေ့လာပြီးနောက် မန်ယူမှာ ၂ ရာသီသာ ကစားပြီး ဒေါ့မွန်မှာ တရာသီ၊ ချဲလ်ဆီးမှာ တရာသီ အငှားထွက်ကစားခဲ့တာ ဖြစ်ပါတယ်။