DVB Logo
Home
မြန်မာသတင်း
မရမ်းကုန်းတွင် ထွေအုပ်ဝန်ထမ်းအချင်းချင်း လူသတ်မှုဖြစ်
DVB
·
June 12, 2025
မရမ်းကုန်းတွင် ထွေအုပ်ဝန်ထမ်းအချင်းချင်း လူသတ်မှုဖြစ်
Donate to DVB

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ဇွန် ၁၁ ရက် မနက် ၁၀ နာရီလောက်က ထွေအုပ်ဝန်ထမ်းအချင်းချင်း ဓားထိုး လူသတ်မှု ဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အသတ်ခံရသူတဲ့ အသက် ၃၅ နှစ်အရွယ် အငယ်တန်းစာရေး ဦးအောင်မြင့်မြတ်ဟာ ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ထွေအုပ်ရုံးကနေ ဧပြီလကမှ စစ်ရှောင်ရင်း ရန်ကုန်ကို ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဇွန် ၉ ရက်မှာ တရားခံလို့ ယူဆရသူနဲ့ ပြဿနာတက်ထားသူ ဖြစ်ပါတယ်။ 

မြို့ခံတယောက်က “သံပန်းတံခါးအဝင်ပေါက်လေးမှာပဲ လဲကျနေတာ။ ဒီဘက်က သက်ဆိုင်ရာအဖွဲ့တွေ‌ ရောက်တော့ သေနေပြီ။ အလောင်းတော့ ဆေးရုံသယ်သွားကြပြီ။ ဓားနဲ့ထိုးသွားတာလည်း ဘယ်သူမှတော့ မမြင်လိုက်ဘူးလို့ ပြောတယ်။ ဟိုတယောက်ကိုတော့ အရင်ရက်က ပြဿနာတက်ထားလို့ တရားခံဆိုပြီး လိုက်ရှာနေတာ” လို့ ပြောပါတယ်။

သက်ဆိုင်ရာအဖွဲ့တွေ ရောက်ရှိစစ်ဆေးချိန်မှာတော့  ဦးအောင်မြင့်မြတ်ရဲ့ ညာဘက်ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာ ၄ ချက်ထက်မနည်း တွေ့ရှိထားကာ ရုံးအဝင်အဝမှာပဲ ပက်လက်အနေအထား သေဆုံးနေခဲ့တာ ဖြစ်ပါတယ်။

ဓားနဲ့ ထိုးသတ်သွားသူလို့ ယူဆနေကြတဲ့ အသက် ၅၀ ကျော်အရွယ် နေ့စား ထွေအုပ်‌ရုံးအကူ ဖြစ်သူ ဦးကျော်စိုးမင်းဟာ ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် မရမ်းကုန်းရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013