DVB Logo
Home
မြန်မာသတင်း
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြ
DVB
·
November 15, 2014
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြ
1 / 6
Donate to DVB

အမျိုးသားပညာရေး ဥပေဒကို သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေဟာ သပိတ်တိုက်ပွဲ ဒုတိယနေ့အနေနဲ့ ဒီန့ နေ့လယ် ၁၂ နာရီးဝန်ကျင်က ရန်ကုန်မြို့ ၈ မိုင် သမိုင်းလမ်းဆုံကနေ စတင်စုစည်းပြီး ရန်ကုန်-အင်းစိန် လမ်းမကြီးအတိုင်း လမ်းလျှောက်ချီတက် ဆန္ဒပြနေကြပါတယ်။

ဒီနောက် လှည်းတန်းမှာ ထိုင်သပိတ် ပြုလုပ်သွားမယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

လမ်းတလျှောက်မှာလည်း အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်ရတဲ့ အကြောင်းအရင်းတွေကို  ကျောင်းသားတွေက ဟောပြောပြီး မနက်ဖြန် ကျရောက်မယ့် အမျိုးသားနေ့မှာ တမျိုးသားလုံး ပါဝင်ကြဖို့ ဖိတ်ခေါ်နေကြပါတယ်။

လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ရန်ကုန်မြို့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး ၂ ရက်တာပြုလုပ်ပြီးနောက် သပိတ်မှောက်ကြောင်း ကြေညာခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေကို နိုင်ငံတ၀န်းက ကျောင်းသားတွေ ကန့်ကွက်နေပေမယ့် ဇူလိုင် ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တာပါ။

ဒီပညာရေးဥပဒေဟာ လူ့အခွင့်အရေး တန်းတူညီမျှမရဘဲ ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ကို အာမခံချက် မရှိသလို ပညာရေးစနစ်ကို စီမံခန့်ခွဲရာမှာ အစိုးရက ထိန်းချုပ်တာနဲ့ ပညာရှင်တွေ ပါဝင်ဆောင်ရွက်ခွင့် အားနည်းမှုတွေ ရှိနေတဲ့အတွက် ကန့်ကွက်ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းတွင်း အသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းပိုင်ခွင့် မပေးထားသလို လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို တင်းကျပ်စွာ ချုပ်ကိုင်ကန့်သတ်ထားပြီး ကျောင်းသား သမဂ္ဂများ ဖွဲ့စည်းခွင့်ကို ထည့်သွင်းပြဋ္ဌာန်းပေးမှု မရှိတာတွေဟာလည်း ကျောင်းသားထု အခွင့်အရေးကို ပစ်ပယ်ပြီး အဖိနှိပ်ခံ ပညာရေးစနစ်သာဖြစ်တယ်လို ကျောင်းသားသမဂ္ဂနဲ့ လူမှုရေး အဖွဲ့အစည်းတွေက ပြောပါတယ်။

သတင်းဓာတ်ပုံ - ကောင်းထက်ကျော်

[gallery ids="70955,70956,70957,70958,70959,70960"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013