DVB Logo
Home
နိုင်ငံတကာ
ထိုင်း ရဲမှူး ဆရာဝန်မ တရားမဝင်အိပ်ဆေး ဘတ်သန်းပေါင်း ၄၀၀ ဝယ်ယူဖြန့်ဖြူးမှုဖြင့် ဖမ်းဆီးခံရ
DVB
·
June 11, 2025
ထိုင်း ရဲမှူး ဆရာဝန်မ တရားမဝင်အိပ်ဆေး ဘတ်သန်းပေါင်း ၄၀၀ ဝယ်ယူဖြန့်ဖြူးမှုဖြင့် ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်ရဲဆေးရုံက စိတ်ရောဂါအထူးကု ဆရာဝန် အမျိုးသမီး ရဲမှူးတယောက် တရားမဝင်အိပ်ဆေး အမြောက်အမြား ဝယ်ယူသိုလှောင်မှုနဲ့ ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒေါက်တာအဲ (ခ) အန်ချူရီထီရဝုန်းဟာ Alprazolam အိပ်ဆေးတွေကို အစာနဲ့ ဆေးဝါးဌာနကနေ အမြောက်အမြား ဝယ်ယူမှုရှိခဲ့တာကြောင့် အစာနဲ့ ဆေးဝါးဌာနက သံသယဖြစ်ပြီး မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့တယ်၊ မူးယစ်ရဲဘက်ကလည်း အချိန်ကာလတခုထိ စုံစမ်းစစ်ဆေးကာ ဇွန် ၁၀ ရက်မှာ သူနဲ့ အပေါင်းပါ ၄ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲချုပ် ဆန်တိ ချိုင်းနိယာမိုင်က သတင်းထောက်တွေကို ပြောပါတယ်။

တာဝန်ရှိသူတွေက ရဲဝန်ထမ်းအိမ်ရာရှိ သူ့ရဲ့အဆောင်ကို အရင်ဆုံး သွားရောက်စစ်ဆေးရာမှာ သူ့ကို မတွေ့ရဘဲ အိမ်စောင့်အမျိုးသားတယောက်နဲ့ ဂျပ်ဖာတွေထဲမှာ သိုလှောင်ထားတဲ့ အိပ်ဆေးအမြောက်အမြားကို ဖမ်းမိခဲ့ပါတယ်။

ဆရာဝန်မကိုတော့ ဖယားထိုင်းနယ်မြေရှိ အဆင့်မြင့်ဟိုတယ်တခုမှာ သွားရောက်ဖမ်းဆီးခဲ့သလို ပါဝင်ပတ်သက်သူ ၃ ယောက်ကိုပါ ထပ်မံဖမ်းဆီးခဲ့ပါတယ်။

Alprazolam အိပ်ဆေးမှာ ကုသရေးအတွက်သာ ထုတ်လုပ်ပေမဲ့ မသမာသူတွေက တခြားသော ဆေးရည်တွေနဲ့ ရောစပ်ပြီး မိန်းကလေးတွေကို အပျိုရည်ဖျက်ဆီးရာမှာ လွဲမှားစွာ အသုံးပြုတာကြောင့် သက်ဆိုင်ရာက ကန့်သတ်ထားပြီး တာဝန်ရှိဆေးဝန်ထမ်းတွေပဲ ဝယ်ယူခွင့်ရှိပါတယ်။

သူဟာ အဆိုပါအိပ်ဆေးတွေကို လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကတည်းက မှာယူ ဝယ်ယူခဲ့တာမှာ ဒီ ၂၀၂၅ ခုနှစ်ထိ အိပ်ဆေးပြားပေါင်း ၁၅ သန်း မှာယူခဲ့တယ်။ ဆေးပမာဏ အမြောက်အမြား ဝယ်ယူနိုင်ဖို့ သေဆုံးပြီးသား လူနာပေါင်း ၃၇၀ ရဲ့ အမည်တွေကို အလွဲသုံးစား လုပ်ခဲ့တယ်။ ဘန်ကောက်နယ်မြေတွင်းရှိ ဆေးပေးခန်းပေါင်း ၁၁ ခုကို ပြန်သွင်းတယ်။ နှစ်စဉ် လည်ပတ်ငွေမှာ ဘတ်သန်းပေါင်း ၄၀၀ ထိ ရှိတယ်လို့  ရဲချုပ်က ပြောပါတယ်။

ဒီအမှုဟာ ရဲဝန်ထမ်းက ကျူးလွန်တာဖြစ်ပေမဲ့ ရဲဆေးရုံ၊ ထိုင်းအမျိုးသားရဲတပ်ဖွဲ့တို့နဲ့ မပတ်သက်ဘဲ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအမှုသာဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့အနေနဲ့ ဘက်လိုက်မှုမရှိဘဲ တရားဥပဒေအတိုင်း အရေးယူသွားမယ်။ သူဟာ ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးမှု၊ ဝန်ထမ်းကျင့်ဝတ် ချိုးဖောက်မှုတွေနဲ့ အရေးယူခံရမှာဖြစ်တယ်၊ လောလောဆယ်တော့ ရာထူးတာဝန်ကနေ ရပ်ဆိုင်းထားတယ်လို့ မူးယစ်ရဲချုပ်က ပြောပါတယ်။

လက်ရှိ အသက် ၄၆ နှစ်အရွယ် ဒေါက်တာအဲဟာ ရုပ်ရည်ချောမောလှပပြီး အရင်က ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒု-ပြောရေးဆိုခွင့်ရှိသူ၊ ရုပ်သံအစီအစဉ်တွေမှာ စိတ်ကျန်းမာရေး၊ မူးယစ်ဆေးဝါးပညာပေး တင်ဆက်သူ၊ လက်ရှိလည်း လူငယ်နဲ့ ကလေးသူငယ် စိတ်ကျန်းမာရေး အထူးကုဆရာဝန် ဖြစ်ပါတယ်။

အခုလို ဥပဒေက တားမြစ်တဲ့ တရားမဝင်အိပ်ဆေး အမြောက်အမြား သိုလှောင်ဖြန့်ဖြူးမှုနဲ့ ဖမ်းဆီးခံရတဲ့ သတင်းကြောင့် ထိုင်းပြည်သူတွေကြား အံ့ဩတုန်လှုပ်သွားကြပါတယ်။

မိန်းကလေးတွေအနေနဲ့ တပါးသူတိုက်တဲ့ အဖျော်ယမကာတွေ သတိထားဖို့၊ အခန့်မသင့်က မသမာသူတွေ ဖျက်ဆီးတာ ခံရနိုင်တယ်လို့ သူပြောဆိုသတိပေးထားတဲ့ ဗွီဒီယိုဖိုင်အဟောင်းကို လူမှုကွန်ရက်မှာ ပြန်လည်ဝေမျှနေကြပြီး မူးယစ်ဆေးပညာပေးသူ ကိုယ်တိုင်က မူးယစ်ဆေးဖြန့်ဖြူးသူ အကြီးစားရာဇဝတ်ကောင်အဖြစ် သမုတ်နေကြပါတယ်။

Source: Thairath / Ch 8 TV News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013