DVB Logo
Home
မြန်မာသတင်း
၄ နှစ်ပြည့် Dove KK အဖွဲ့က ပညာရေး၊ ကျန်းမာရေး၊ စစ်ရှောင်အရေးနှင့် ဒရုန်းအဖွဲ့များ အကောင်အထည်ဖော်နိုင်ခဲ့
DVB
·
June 10, 2025
၄ နှစ်ပြည့် Dove KK အဖွဲ့က ပညာရေး၊ ကျန်းမာရေး၊ စစ်ရှောင်အရေးနှင့် ဒရုန်းအဖွဲ့များ အကောင်အထည်ဖော်နိုင်ခဲ့
1 / 6
Donate to DVB

ကရင်နီပြည်နယ် နဲ့ ရှမ်းပြည်နယ်အခြေစိုက်တဲ့ Dove-KK အဖွဲ့က ဇွန် ၉ ရက်နေ့မှာ အဖွဲ့တည်ထောင်ခြင်း ၄ နှစ်ပြည့်ဖြစ်ပြီး ၄ နှစ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ စစ်ရှောင်အရေးနဲ့ ဒရုန်းအဖွဲ့လည်း တည်ထောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကျန်းမာရေးအနေနဲ့ ကိန္ဒရာဆေးရုံကို တည်ထောင်ခဲ့ပြီး စစ်ရှောင်နဲ့ ရဲဘော်တွေကို ကုသပေးတာ၊ ဆေးသင်တန်းပို့ချတာ၊ ဆေးခန်းဖွင့်လှစ်ကုသ​ပေးတာ၊ ပညာရေးအနေနဲ့ ပညာသင်ထောက်ပံ့ကြေး ပေးအပ်တာ၊ CDM တွေ ထောက်ပံ့တာ၊ ကျောင်းဆောင်နဲ့ စာကြည့်တိုက် ဆောက်လုပ်တာ၊ Summer English Programတွေ Vocational Training Course တွေ လုပ်ပေးနေတယ်လို့ သိရပါတယ်။

DoveKK အဖွဲ့ တာဝန်ရှိသူက “သွားခဲ့ရတဲ့ ခြေလှမ်း၊ ကျော်ဖြတ်ခဲ့ရတဲ့ မှတ်တိုင်တွေပေါ့။ အရမ်းခက်ခဲတဲ့နေရာမှာ ပြည်သူနဲ့ ရဲဘော်တွေအတွက် ကိန္ဒရာဆေးရုံ တည်ထောင်နိုင်ခဲ့တယ်။ လူငယ်တွေအတွက် အခွင့်အလမ်းသိပ်မရှိတဲ့နေရာမှာ အနာဂတ်အတွက် ပညာရေးလမ်းကြောင်းတွေ ဖောက်ပေးနိုင်ခဲ့တယ်။ ကျန်တာကတော့ ရှေ့တန်း နောက်တန်း ရဲဘော်တွေအတွက် အတူတူရှိနေပေးသလို ပြည်သူလူထုအတွက်လည်း အမြဲ တတ်နိုင်တဲ့ဘက်က အဆင်သင့်ရှိနေပေးပါတယ်” လို့ ပြောပါတယ်။

စစ်ရှောင်အရေးအနေနဲ့ စားဝတ်နေရေးအတွက် ကူညီထောက်ပံ့တာ၊ လူငယ်တွေအတွက် အင်္ဂလိပ်စာနဲ့ ကွန်ပျူတာသင်ပေးတာ၊ Life Skill Training အဖြစ် ဆွေးနွေးပေးမှုတွေ၊ စစ်ရှောင်ကလေးတွေအတွက် ပညာပေးရုပ်ရှင်တွေ ပြသပေးတာ၊ စစ်ဘေး ရေဘေး သဘာဝဘေးကယ်ဆယ်ပေးမှုတွေ၊ ရိက္ခာထောက်ပို့လုပ်ငန်းတွေ ပြုလုပ်ပေးဖြစ်တယ်လို့ သိရပါတယ်။

DoveKK Security Force (S Force) အနေနဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ စစ်ကောင်စီတပ်ကို တွန်းလှန်တာ၊ ရှေ့တန်း နောက်တန်း အရေးပေါ် ကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးတာ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဦးစီးစီမံတာတွေ လုပ်ဆောင်ပေးတယ်လို့ သိရပါတယ်။

“ဆေးရုံနဲ့ စာသင်ကျောင်းအတွက် လစဥ်အလှူရှင် အရမ်းလိုအပ်တယ်ပေါ့နော်။ ခက်ခဲတာများတယ်။ ဒါပေမဲ့ ကျနော်တို့ ရအောင် ကျော်ဖြတ်မှာပါ။ ခုချိန်ထိ ကျနော်တို့နဲ့ တသားတည်း ရပ်တည်ပေးနေတဲ့ ပြည်သူတွေအများကြီးရှိနေအုံးမှာပါ” လို့ DoveKK အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အခက်အခဲတွေကြားကနေ ပါဝင်ကူညီဆောင်ရွက်ပေးကြပြီး အဘက်ဘက်က ကူညီပေးကြသူတွေကိုလည်း လေးစားဂုဏ်ပြုကာ ၄ နှစ်ပြည့်လုပ်ဆောင်ချက်တွေအထိ မပါဝင်နိုင်ခဲ့ဘဲ ကျဆုံးသွားတဲ့ အဖွဲ့ဝင်တွေနဲ့ ရဲဘော်တွေကိုလည်း အောက်မေ့သတိရဂုဏ်ပြုရင်း တော်လှန်ရေးအတွက် ပိုကြိုးစားသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013