
မန်ယူအသင်းဟာ စီနီယာအသင်းကြီးက အဲရစ်ဆင်နဲ့ လင်ဒီလော့ဖ်တို့ အပါအဝင် ကစားသမား ၁၀ ယောက်ကို ထွက်ခွာခွင့်ပြုကြောင်း ထုတ်ပြန်သွားပါတယ်။
ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ဟာ ၂၀၂၂ ခုနှစ်က ဘရန့်ဖို့ဒ်ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းနဲ့ ၃ ရာသီကြာ ဖြတ်သန်းအပြီးမှာ ထွက်ခွာခဲ့ရတာပါ။
အလားတူ နောက်ခံလူ လင်ဒီလော့ဖ်ဟာ ၂၀၁၇ ခုနှစ်က ပေါင်သန်း ၄၀ နဲ့ ဘင်ဖီကာကနေ ခေါ်ယူခဲ့တာဖြစ်ပြီး နောက်ပိုင်းရာသီတွေမှာ ပွဲထွက်ခွင့် ပျောက်ဆုံးမှုနဲ့အတူ အသင်းကနေ ထွက်ခွာခဲ့ရတာပါ။
မန်ယူအသင်းက ထွက်ခွာခွင့်ပြုတဲ့ ကစားသမားတွေထဲမှာ ဝါရင့်နောက်ခံလူ အီဗန်နဲ့ ဂိုးသမားကြီး တွန်ဟီတန်လည်း ပါဝင်ပါတယ်။
ဒါ့အပြင် အကယ်ဒမီအသင်းက ကစားသမား ၆ ယောက် ပါဝင်ပြီး စုစုပေါင်း ၁၀ ယောက်ကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ ဝုဗ်တောင်ပံကစားသမား ကူညာကို ခေါ်ယူထားပြီး ဘရန့်ဖို့ဒ်က အမ်ဘူမိုနဲ့ နာပိုလီက အိုဆီမန် အပါအဝင် တခြားတိုက်စစ်ကစားသမားတွေ ခေါ်ယူဖို့လည်း ကြိုးပမ်းနေပါတယ်။