DVB Logo
Home
မြန်မာသတင်း
မြန်မာ့လူ့အခွင့်အရေး အမေရိကန်မူဝါဒကို သက်ရောက်မှုရှိဟု အိုဘားမားပြော
DVB
·
November 14, 2014
မြန်မာ့လူ့အခွင့်အရေး အမေရိကန်မူဝါဒကို သက်ရောက်မှုရှိဟု အိုဘားမားပြော
1 / 2
Donate to DVB

အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒဟာ လူ့အခွင့်အရေးကို ထည့်သွင်း စဉ်းစားတာဖြစ်တဲ့ အတွက် မြန်မာ့ လူ့အခွင့်အရေးအခြေအနေက နိုင်ငံခြားရေး မူဝါဒအပေါ် သက်ရောက်မှုရှိမယ်လို့ အိုဘားမားက ပြောပါတယ်။

အမေရိကန် သမ္မတ အိုးဘားမား၊ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိတွေ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်တို့က ကဏ္ဍအသီးသီးက မြန်မာလူထုအခြေပြု အဖွဲ့အစည်း ၁၅ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့ အမေရိကန်ပြည်ထောင်စု သံရုံးမှာ နိုဝင်ဘာ ၁၄ ရက်နေ့မှာ တွေ့ဆုံရာမှာ ပြောဆိုလိုက်တာပါ။

[caption id="attachment_70917" align="aligncenter" width="590"]10525590_10152942130285864_584179148871717810_n သမ္မတအိုဘားမား မြန်မာလူထုအခြေပြု အဖွဲ့အစည်းနှင့် တွေ့ဆုံစဉ်[/caption]

သမ္မတ အိုဘားမားနဲ့ တွေ့ဆုံတဲ့  ညီမျှခြင်း (မြန်မာ) ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက “ဒါကကျနော်တို့ လိုလားချက်ပါ။ နိုင်ငံတနိုင်ငံရဲ့ အစိုးရသစ်ပေါ်မှာ ပေါင်းစည်းဖို့ မိတ်ဖက်ပြုဖို့တွေဖြစ်ဖို့ အလျင်စလို မဖြစ်ဘဲနဲ့ တိုင်းပြည်မှာရှိနေသော လူ့အခွင့်အရေး အခြေအနေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်ဆိုတဲ့ အချက်ကို သူအစောကြီးကတည်းက တင်ပြထားပြီးသား ဖြစ်ပါတယ်။ ဒီအချက်ကို လက်ခံတဲ့အတွက်လည်း ၀မ်းသာပါတယ်” လို့  ပြောပါတယ်။

မြန်မာပြည်မှာ လူ့အခွင့်အရေးအခြေအနေတိုးတက်လာတာကို လက်ခံသလို တဖက်မှာ နှောင့်နှေးမှုတွေ ရှိနေတယ် ဆိုတာကို အိုဘားမားက သဘောပေါက်တယ်လို့လည်း ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေကို အိုဘားမားကယုံကြည်သလို အားပေးချင်တာကို တွေ့ခဲ့ရပြီးေ လေးလေးစားစား နားထောင်ခဲ့တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

အိုဘားမားနဲ့တွေ့ဆုံခဲ့တဲ့ မြန်မာ အရပ်ဖက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေက လက်ရှိ မြန်မာ့လူ့အခွင့်အရေး၊ တရားဥပဒေ၊ တိုင်းရင်းသား၊ သတင်းမီဒီယာ၊ အမျိုးသမီးရေးရာ အမုန်း တရား လှုံဆော်ဟောပြောတဲ့အကြောင်းအရာ တွေကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013