
နည်းပြသစ် အန်စလော့တီ အနေနဲ့ ဘရာဇီးအသင်းကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ တိုက်စစ်မှူး ဗင်နီဆီးယက်စ်ဂျူနီယာက ပြောသွားပါတယ်။
နည်းပြ အန်စလော့တီရဲ့ ပွဲဦးထွက်အဖြစ် တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဘရာဇီးအသင်းက အီကွေဒေါအသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ စွမ်းဆောင်ရည်ကောင်းမွန်ခြင်း မရှိသေးပေမဲ့ လာမယ့်ပွဲစဉ်တွေမှာတော့ နည်းပြ အန်စလော့တီရဲ့ အစီအစဉ်အတိုင်း ကစားနိုင်ဖို့ မျှော်လင့်ကြောင်း ဗင်နီဆီးယက်စ်က ပြောပါတယ်။
ဗင်နီဆီးယက်စ်နဲ့ နည်းပြ အန်စလော့တီတို့ဟာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်မှာ အတွဲညီခဲ့ကြသူတွေဖြစ်ပြီး ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြတာပါ။
ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲပြီးဆုံးဖို့ လက်ကျန် ၃ ပွဲ အလိုအထိ ခြေစစ်ပွဲအောင်မြင်ဖို့ မသေချာသေးဘဲ တောင်အမေရိကဇုန် အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။