
စပါးအသင်းနည်းပြသစ်ဖြစ်လာဖို့ ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်ခ် ရေပန်းစားနေပါတယ်။
စပါးအသင်းဟာ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဆုဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြ ပိုစ်တီကိုဂလူကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက်မှာ နည်းပြသစ်ခန့်အပ်ဖို့ လုပ်ဆောင်လာခဲ့တာပါ။
နည်းပြ ပိုစ်တီကိုဂလူ အနေနဲ့ စပါးမှာဆက်ရှိဖို့ ဆန္ဒရှိခဲ့ပေမဲ့ အသင်းဥက္ကဋ္ဌ လီဗိုင်းနဲ့ ရှယ်ယာရှင်တွေရဲ့ ဆုံးဖြတ်ချက်အရ အသင်းကနေ ထွက်ခွာခဲ့ရတာပါ။
လတ်တလော သတင်းတွေအရ စပါးနည်းပြဖြစ်လာနိုင်တဲ့ နည်းပြစာရင်းမှာ ဘရန့်ဖို့ဒ်နည်းပြ သောမက်ဖရန့်စ်က ဦးဆောင်နေတာပါ။
အဲဒီနောက်မှာ ဖူဟမ်နည်းပြ မာကိုဆေးလ်ဗား အပါအဝင် ပဲလေ့စ်နည်းပြ အိုလီဗာဂလက်စ်နာ၊ ဘာစီလိုနာနည်းပြဟောင်း ဇာဗီ အစရှိသူတွေဟာလည်း စပါးနည်းပြ လျာထားစာရင်းမှာ ပါဝင်နေတယ်လို့ မီဒီယာတွေက ခန့်မှန်း သုံးသပ်နေကြပါတယ်။