DVB Logo
Home
နိုင်ငံတကာ
ကိုလံဘီယာ သမ္မတလောင်း ပစ်ခတ်လုပ်ကြံခံရပြီး အခြေအနေစိုးရိမ်ရ 
DVB
·
June 8, 2025
ကိုလံဘီယာ သမ္မတလောင်း ပစ်ခတ်လုပ်ကြံခံရပြီး အခြေအနေစိုးရိမ်ရ 
Donate to DVB

ကိုလံဘီယာ အတိုက်အခံ သမ္မတလောင်း၊ အထက်လွှတ်တော်အမတ် မီဂွဲလ် အူရီဘေးဟာ မြို့တော်ဘိုဂေါ့တာမှာ မဲဆွယ်နေချိန် ဇွန် ၇ ရက်နေ့က ပစ်ခတ်လုပ်ကြံခံရပြီး အခြေအနေ စိုးရိမ်ရတယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

ပန်းခြံတခုထဲမှာ လူအုပ်ကို မိန့်ခွန်းပြောနေချိန် ၃ ချက် ပစ်ခတ်ခံရတာဖြစ်ပြီး ခေါင်းကို ၂ ချက် မှန်သွားတယ်လို့ သိရပါတယ်။

ကျူးလွန်သူဟာ အသက် ၁၅ နှစ်ပဲရှိသေးသူဖြစ်ပြီး အခင်းဖြစ်နေရာမှာပဲ ရဲက ဖမ်းဆီးမိထားပါတယ်။

အသက် ၃၉ နှစ်အရွယ် လွှတ်တော်အမတ်ဟာ  ၂၀၂၆ သမ္မတ ရွေးကောက်ပွဲအတွက် အတိုက်အခံ ကွန်ဆာဗေးတစ်ဝါဒီ ဒီမိုကရက်တစ်စင်တာပါတီရဲ့  သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရသူဖြစ်ပါတယ်။ 

ဒီမိုကရက်တစ်စင်တာပါတီဟာ သမ္မတဟောင်း အဲလ်ဗာရို အူရီဗေး ထူထောင်ခဲ့တာဖြစ်ပြီး ဒီနှစ်ယောက်ဟာ မျိုးရိုးနာမည်တူပေမဲ့ ဆက်စပ်မှုတော့ မရှိပါဘူး။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ကိုလံဘီယာ သမ္မတရုံးကလည်း ပြင်းပြင်းထန်ထန်ရှုံ့ချကြောင်း ကြေညာချက်ထုတ်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးဖို့ ကြေညာထားပါတယ်။

ကိုလံဘီယာမှာ ထင်ရှားတဲ့ မိသားစုက ဆင်းသက်လာသူ အူရီဘေးရဲ့ဖခင်ဖြစ်သူဟာ လုပ်ငန်းရှင်၊ သမဂ္ဂခေါင်းဆောင်ဖြစ်ပြီး မိခင်ဖြစ်သူ ဂျာနယ်လစ် ဒိုင်ယာနာတာဘေးဟာ ၁၉၉၀ တုန်းက မူးယစ်ဂိုဏ်းခေါင်းဆောင် ပက်ဘလို အက်စ်ကိုးဘားရဲ့ လက်အောက်ခံတပ်ဖွဲ့တခုရဲ့ ပြန်ပေးဆွဲခံခဲ့ရပြီးနောက် ကယ်ဆယ်ရေးလုပ်ချိန်မှာ အသတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013