DVB Logo
Home
မြန်မာသတင်း
မြန်မာ့အပြောင်းအလဲ ခရောင်းလမ်းကြမ်းဖြတ်နေရဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
DVB
·
November 14, 2014
မြန်မာ့အပြောင်းအလဲ ခရောင်းလမ်းကြမ်းဖြတ်နေရဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Donate to DVB

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ အခက်အခဲ အတားအဆီးတွေများတဲ့ ခရီးလမ်းကြမ်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး အကောင်းသိပ်မမြင်ကြဖို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အမေရိကန်သမ္မတ ဘားရတ်အိုဘားမားနဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံပြီး ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

[caption id="attachment_70910" align="aligncenter" width="590"]သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် NLD Chairperson သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် NLD Chairperson[/caption]

“သိပ်အကောင်းမြင်လွန်းတာကို ကျမအနေနဲ့ အမြဲပဲ သတိပေးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ကိုယ့်ဘာသာ ကျေနပ်နှစ်သိမ့်နေတာမျိုး ဖြစ်တတ်လို့ပါ။ ကျမတို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အဖုအထစ်တွေနဲ့ မချောမွေ့တဲ့ခရီးကြမ်းမှာ လျှောက်လှမ်းနေရသလိုပါ။ ဒါပေမယ့် ဒီခရီးကြမ်းကို သန္နိဋ္ဌာန်နချမှုလှုပ်ဆောင်မှုနဲ့၊ ကမ္ဘာတလွှားက ကျမတို့မိတ်ဆွေတွေဆီက နားလည်မှုနဲ့ အကူအညီတွေနဲ့ အတူ ကျမတို့ ညှိနှိုင်းဆောင်ရွက်သွား နိုင်တဲ့ကိစ္စလည်း ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေနဲ့ အခက်အခဲတွေကို ချဲ့ကားတာတွေမလုပ်ဘဲနဲ့ တချိန်တည်းမှာပဲ အားတက်စရာတွေကိုလည်း မချဲ့ကားဘဲနဲ့ အရှိအတိုင်းမြင်ကြရအောင်။ ကျမတို့ လိုအပ်နေတာကတော့ အကောင်းမြင်ဝါဒနဲ့ အဆိုးမြင်ဝါဒကြားမှာ သင့်တင့်ကောင်း မွန်တဲ့ ဟန်ချက်ညီမှုသာ ဖြစ်တယ်” လို့ပြောကြားခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ အမေးကိုဖြေကြားရာမှာတော့ “မှန်ကန်တဲ့ နည်းလမ်းနဲ့ပဲ အနိုင်ယူချင်ပါတယ်။ ဖွဲ့စည်းပုံကို ပြင်ဆင်တာကိုလည်း မှန်ကန်တဲ့ နည်းလမ်းနဲ့ ပြင်ချင်ပါတယ်။ မမှန်ကန်တဲ့ နည်းလမ်းနဲ့ အနိုင်ယူတာထက်စာရင် အရှုံးခံလိုက်တာ ပိုကောင်းတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောသွားပါတယ်။

သမ္မတအိုဘားမားကတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ပြီးပြည့်စုံခြင်း  မရှိသေးသလို နောက်ကြောင်းလည်း ပြန်လှည့်မှာ မဟုတ်ပါဘူး၊ အားလုံးပြီးမြောက်ဖို့ ကြိုးပမ်းလုပ်ဆောင်ရမှာတွေ ကျန်နေပါသေးတယ်လို့ ပြောသွားပါတယ်။

ရှေ့မှာရှိနေတဲ့ စိန်ခေါ်မှုတွေကိုလည်း အသိအမှတ်ပြုထားပြီး ကျေနပ်ရောင့်ရဲ မနေကြဖို့လည်း ဖြည့်စွက်ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံရဲ့အပြောင်းအလဲကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ သတင်းထောက်တွေ ထောင်ချခံရ  သတ်ဖြတ်ခံနေရတဲ့ကိစ္စ၊ အကြမ်းဖက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း ထည့်သွင်း ပြောဆိုသွားပါတယ်။

အမေရိကန်သမ္မတ အိုဘားမားဟာ သမ္မတ ဦးသိန်းစိန်နဲ့ မနေ့က  နေပြည်တော်မှာ တွေ့ဆုံကာ နိုင်ငံရေးနဲ့ စီးပွားရေး အပြောင်းအလဲတွေအတွက် သတိရှိရှိ အကောင်းမြင်နေပါကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ခုလို အတိုက်အခံခေါင်းဆောင်နဲ့ ရန်ကုန်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013