ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို မြို့နယ် တောင်ပျောက်ကျေးရွာအုပ်စု၊ ကျောက်အိုင် (ကွီးလေး)ကျေးရွာထဲကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ ဇွန်လ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက ကျောက်အိုင်ကျေးရွာထဲကို ဇွန် ၇ ရက်နေ့က ဂျက်ဖိုက်တာ တစီးနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးတယောက်နဲ့ ၅၅ နှစ်အရွယ် အမျိုးသားတယောက် သေဆုံးခဲ့ပြီး ဒေသခံ ၆ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU က ဆိုပါတယ်။