DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် သစ်ခိုးထုတ်မှုကြောင့် ရထားစီးပြည်သူများ သွားလာရခက်ခဲ
DVB
·
June 8, 2025
နေပြည်တော်တွင် သစ်ခိုးထုတ်မှုကြောင့် ရထားစီးပြည်သူများ သွားလာရခက်ခဲ
Donate to DVB

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် သစ်ပင်တွေ စိုက်ကြပါလို့ စစ်ခေါင်းဆောင်က ပြောနေပေမဲ့ ပျဥ်းမနားတပ်နယ်က နေ့စဥ် ရထားနဲ့ သစ်ခိုးထုတ်နေတာကြောင့် ပျဥ်းမနား-တောင်တွင်းကြီး လမ်းပိုင်းက ခရီးသွားလာသူတွေ စိတ်ဒုက္ခရောက်ရတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

ပျဥ်းမနားတပ်နယ်နဲ့ ဆက်သွယ်ရေးနဲ့ပို့ဆောင်ရေးဝန်ကြီးဌာနက လူတွေပေါင်းကာ ပျဥ်းမနား-တောင်တွင်းကြီး လမ်းကြောတလျှောက် သစ်ခိုးထုတ်နေတာ အချိန်ကာလ အတော်ကြာပြီလို့ ပျဥ်းမနားမြို့ခံ တယောက်က DVB ကိုပြောပါတယ်။

“ပျဥ်းမနားကနေ စာပို့ရထားနဲ့ရော RBE ရထားနဲ့ရော တောင်တွင်းလမ်းပိုင်းကို သစ်တွေခုတ်ပြီး ပို့နေတာကြာပြီ။ တခါတလေ ခရီးသည်တွေ ထိုင်စရာနေရာမရှိဘူး။ ဒါပေမဲ့ မပြောရဲဘူး။ နေပြည်တော်မှာ သူတို့ပဲ စိုက်တယ်။ သူတို့ပဲ ခုတ်ပြီး ပြန်ရောင်းတာ။ တခါတလေ ရထားစီးရတာ အိန္ဒိယဇာတ်ကားထဲက ပွတ်ရှ်းပါး သစ်ခိုးကားကြည့်နေသလိုပဲ။” 

စစ်ကောင်စီတပ်တွေဟာ ခိုးခုတ်လာတဲ့ သစ်တွေကို ပျဥ်းမနားဘူတာကနေ တင်ပြီး သစ်ပုတ်ပင်၊ မင်းပြင်၊ အောင်မြေယာ၊ ဒလန့်ချွန့်၊ အိုးပေါက်၊ ကုက္ကိုကုန်းဘူတာတွေမှာ အသင့်စောင့်ခိုင်းထားတဲ့ ကုန်သည်တွေကို ပို့သလို တောင်လျောင်း၊ ဆတ်သွား၊ ချောင်းနက်ဘူတာက ကုန်သည်တွေနဲ့တွေ့ဆုံကာ ပို့တယ်လို့ နီးစပ်သူ တယောက်က DVB ကို ပြောပါတယ်။

“ပြောရရင် နပတတိုင်းက ခိုးထုတ်တဲ့သစ်တွေ လပခတိုင်းထဲပို့တာ ပျဥ်းမနားဘူတာကနေ တင်တာလည်းရှိတယ်။ ဗောဓိကုန်းနဲ့ လယ်ဝေးဘူတာက တင်တာလည်းရှိတယ်။ သစ်တွေကို ချောင်းကျိုး၊ ကန်သာ၊ ဝင်ကဲကူးဘူတာတွေ ကျော်ပြီး သစ်ပုတ်ပင်ဘူတာကနေ စပြီးချတာ ချောင်းနက်အထိပဲ ချောင်းနက်ပြီးရင် တောင်တွင်းကြီးရောက်တော့မှာဆိုတော့ အဲဒီမှာ အပြီးချတာ”လို့ ပြောပါတယ်။

နေပြည်တော်မှာ ဇွန် ၆ ရက်က ပြုလုပ်တဲ့ မိုးရာသီသစ်ပင်စိုက်ပွဲမှာ စစ်ကောင်စီတပ်တွေက သစ်ပင် ၁ သိန်းခွဲကျော်စိုက်ခဲ့ပြီး အဆိုပါပွဲမှာ စစ်ခေါင်းဆောင်က သစ်ပင်စိုက်ရခြင်းမှာ သဘာဝထိန်သိမ်းဖို့အတွက် ဖြစ်သလို နိုင်ငံ့စီးပွားရေးအတွက် တဖက်တလမ်းမှ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013