DVB Logo
Home
မြန်မာသတင်း
နိုင်သူအကုန်ယူ ရွေးကောက်ပွဲစနစ် ဆက်ကျင့်သုံးရန် ပြည်သူ့လွှတ်တော် အတည်ပြု
DVB
·
November 14, 2014
နိုင်သူအကုန်ယူ ရွေးကောက်ပွဲစနစ် ဆက်ကျင့်သုံးရန် ပြည်သူ့လွှတ်တော် အတည်ပြု
Donate to DVB

ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်ရာမှာ   နိုင်သူအကုန်ယူ ရွေးကောက်ပွဲစနစ် (FPTP) ပဲ ဆက်လက်ကျင့်သုံးဖို့ ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်က လက်ရှိ မြန်မာပြည်မှာ ကျင့်သုံးနေတဲ့  နိုင်သူအကုန်ယူ ရွေးကောက်ပွဲစနစ် (FPTP) အပါအ၀င် စနစ် ၈ မျိုးကို  ဒီမနက်က ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

parliment 1အဲဒီစနစ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ၊ မညီ စစ်ဆေးဖို့  ဖွဲ့စည်းပုံ အခြေခံဥပေဒခုံရုံးထံ ဆက်လက်ပေးပိုခဲ့ရာမှာ ခုံရုံးက လက်ရှိ ကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ်ပဲ ဖွဲ့စည်းပုံနဲ့ ညီပြီး ကျန်တဲ့စနစ်တွေဟာ ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ အကြောင်း ပြန်လာတဲ့အတွက် အခုလို ဆုံးဖြတ်လိုက်တာလို့ နေပြည်တော်နယ်မြေ ဥတ္တရသီရိမြို နယ်အမတ် ဦးမင်းသူက ပြောပါတယ်။

“လွှတ်တော်ရဲ့ အဆုံးအဖြတ်ယူတဲ့အခါ အခြေခံဥပဒေနဲ့ ကိုက်ညီမှု မရှိတဲ့ ကျန်တဲ့ စနစ် ၇ မျိုးကို ဖယ်ပြီး လက်ရှိ ကျင့်သုံးနေတဲ့ FPTP စနစ်သာ အခြေခံဥပဒေနဲ့ ကိုက်ညီတဲ့အတွက် ဒါကိုပဲ  မြန်မာနိုင်ငံနဲ့ လက်ရှိ ကိုက်ညီတဲ့စနစ် ဖြစ်ကြောင်း အတည်ပြုပေးလိုက်တာပါ။”

ဒီနေ့ပြည်သူ့လွှတ်တော်မှာ ရွေးကောက်ပွဲစနစ် ၈ မျိုးနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ် ၁၀ ယောက် ဆွေးနွေးခဲ့ကြရာမှာ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်‌မူးကြီး‌ မောင်‌‌မောင်‌‌အေးက အသားကျ‌နေတဲ့ FPTP စနစ်‌ကိုပဲ ကျင့်‌သုံးဖို့ ထောက်‌ခံ‌ဆွေး‌နွေးခဲ့ပါတယ်‌။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ပုဇွန်တောင်မြို့နယ်အမတ် ဦးအောင်ဇင်က အချိုးကျ ကိုယ်စားပြုစနစ်(ပီအာ) ရွေးကောက်ပွဲစနစ် အဆိုကို တင်သွင်းခဲ့တာ ဖြစ်ပြီး လွှတ်တော်က ဆွေးနွေးဖို့ လက်ခံခဲ့ပါတယ်။

အဲဒီနောက် ပြည်သူ့လွှတ်တော်က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာ သုံးသပ်ရေး ကော်မရှင်ဆိုတာ ဖွဲ့ပြီး အဲဒီကော်မရှင်က ပြီးခဲ့တဲ့အောက်တိုဘာလမှာ ရွေးကောက်ပွဲစနစ် ၈ မျိုးကို ပြည်သူ့လွှတ်တော် တင်သွင်းခဲ့ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြုစနစ်(ပီအာ)ကို ကျင့်သုံးဖို့ ပြည်သူ့လွှတ်တော်တင်ကတည်းက အတိုက်အခံ အန်အယ်လ်ဒီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြသလို ပြည်တွင်းမှာ ပီအာဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေလည်း နေရာအနှံ့ အဆက်မပြတ် ဖြစ်ပေါ်ခဲ့ပါတယ်။

အခု ပြည်သူ့လွှတ်တော်က ပယ်ချလိုက်တဲ့ အချိုးကျ ကိုယ်စားပြုစနစ်(ပီအာ)ကို အမျိုးသားလွှတ်တော်မှာတော့ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013