DVB Logo
Home
နိုင်ငံတကာ
တူရကီရောက် ဆီးရီးယားစစ်ဘေးရှောင်များ မျှော်လင့်ချက်အပြည့်ဖြင့် မွေးရပ်မြေကို ပြန်လာ
DVB
·
June 6, 2025
တူရကီရောက် ဆီးရီးယားစစ်ဘေးရှောင်များ မျှော်လင့်ချက်အပြည့်ဖြင့် မွေးရပ်မြေကို ပြန်လာ
Donate to DVB

၂၀၂၅ ခုနှစ်အစပိုင်းကစပြီး မိမိဆန္ဒအလျောက် ပြန်လာတဲ့ အစီအစဉ်အရ ဆီးရီးယားနိုင်ငံသား စစ်ဘေးရှောင် အယောက် ၁၀၀,၀၀၀ လောက် တူရကီကနေ ဆီးရီးယားဆီ နယ်စပ်ဖြတ်ပြီး ပြန်လာခဲ့ကြတယ်လို့ ဆီးရီးယား-တူရကီနယ်စပ်က ဘာ့ဘ်အယ်လ် ဆာလာမေ နယ်စပ် ဖြတ်ကူးရေး စခန်းရဲ့ ညွှန်မှူး က ပြောပါတယ်။

တရက်ကို ပြန်လာသူဦးရေ အယောက် ၁,၀၀၀ ကနေ ၁,၂၀၀ ဝန်းကျင်အထိ မြင့်တက်လာပြီး တူရကီမှာ စာသင်နှစ်ကုန်ဆုံးချိန်မှာ ပိုများလာဖို့ မျှော်လင့်တယ်လို့ သူက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့ရဲ့ ကျေးလက်ဒေသက ဘာ့ဘ်အယ်လ် ဆာလာမေ နယ်စပ်ဖြတ်ကျော်စခန်းကို တူရကီက ပြန်လာတဲ့ ဆီးရီးယားနိုင်ငံသားတွေ ဖြတ်ကူးဖို့ စောင့်နေချိန်မှာ ပစ္စည်းတွေ တင်လာတဲ့ ကုန်ကားတွေ တန်းစီနေပါတယ်။

စစ်ဘေးသင့်ချိန် ဆီးရီးယားနိုင်ငံကနေ ထွက်ပြေးလာပြီး လွန်ခဲ့တဲ့ဆယ်စုနှစ်တွေက တူရကီနိုင်ငံ မာဆင်မြို့မှာ ခိုလှုံနေထိုင်ခဲ့ရင်း ခုတော့ ဆီးရီးယားကို ပြန်ရောက်လာသူ အာမဒ်အယ်လ် ဟာဒစ်လည်း စောင့်နေသူတွေထဲမှာ ပါပါတယ်။

အလက်ပိုရဲ့ ကျေးလက်ဒေသကို ရောက်ချိန်မှာ ဆီးရီးယားရဲ့ အနာဂတ် သာယာဝပြောလာဖို့ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။

၂၀၁၁ ခုနှစ်ကစပြီး သမ္မတ ဘာရှားအယ်လ်အာဆတ်ကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုကနေ ကြီးထွားလာတဲ့ ပြည်တွင်းစစ်အတွင်း လူပေါင်းရာနဲ့ချီ သေဆုံးပြီး သန်းနဲ့ချီတဲ့လူတွေ ပြည်ပကို ထွက်ပြေးခဲ့ရပါတယ်။

ဆီးရီးယားသူပုန်တွေက အာဆတ်ကို ဖြုတ်ချပြီး မနှစ်က ဒီဇင်ဘာလမှာ ဒမတ်စကတ်မြို့ကို သိမ်းပိုက်ခဲ့ကာ အာဆတ်လည်း ထွက်ပြေးခဲ့ရပြီး သူတို့ မိသားစုရဲ့ ဆယ်စုနှစ်များစွာ အုပ်ချုပ်မှု ကို အဆုံးသတ်စေခဲ့ပါတယ်။

တူရကီမှာ ဆီးရီးယားနိုင်ငံသား ၃ သန်းနီးပါး ရှိနေတာက ထိလွယ်ရှလွယ် နိုင်ငံရေးပြဿနာ ဖြစ်လာ နေပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013