DVB Logo
Home
နိုင်ငံတကာ
Nintendo Switch 2 ဂိမ်းစက်အသစ် စတင်ဖြန့်ချိ
DVB
·
June 5, 2025
Nintendo Switch 2 ဂိမ်းစက်အသစ် စတင်ဖြန့်ချိ
Donate to DVB

Nintendo Switch 2 ဂိမ်းစက်သစ်ကို ကမ္ဘာ့နိုင်ငံတချို့မှာ သက်ဆိုင်ရာနိုင်ငံအလိုက် စံတော်ချိန်အရ ဇွန် ၅ ရက် နေ့အကူး သန်းခေါင်ယံကျော်ချိန်မှာ စတင်ဖြန့်ချိခဲ့ပါတယ်။

ထိုင်း၊ စင်ကာပူနဲ့ ဖိလစ်ပိုင်လို အရှေ့တောင်အာရှနိုင်ငံတွေမှာတော့ ဇွန် ၂၆ ရက်မှာမှ တရားဝင် စတင်ဖြန့်ချိမှာ ဖြစ်ပါတယ်။

ဗြိတိန်က လျှပ်စစ်ပစ္စည်းရောင်းချတဲ့ ကုမ္ပဏီ Currys ကတော့ “အကြီးကျယ်ဆုံး ဂိမ်းကြိုတင်မှာယူမှု (biggest gaming pre-order)” လို့ ဆိုထားပါတယ်။

အမေရိကန်မှာတော့ ဧပြီလအတွင်း ထရမ့်ပ်ရဲ့ စည်းကြပ်ခွန်ကိစ္စကြောင့် အမှာစာတွေ ယာယီဆိုင်းငံ့ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပုံမှန်အတိုင်း ဖြန့်ချိနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ကိုင်ဂိမ်းစက်အဖြစ်ရော တီဗွီဂိမ်းစက်အဖြစ်ပါ ပြောင်းလဲကစားနိုင်တဲ့ Nintendo Switch ဂိမ်းစက်ဟာ သမိုင်းမှာ တတိယမြောက် ရောင်းအကောင်းဆုံးဂိမ်းစက်ဖြစ်ပြီး အလုံးရေ ၁၅၂ သန်းကျော် ရောင်းချခဲ့ရပြီး ဖြစ်ပါတယ်။

ဒီဇိုင်းအားဖြင့် သိသိသာသာ ပြောင်းလဲမထားဘဲ စွမ်းဆောင်ရည် ပိုမြှင့်ဖို့ကို ဦးစားပေးထားတဲ့ Switch 2 ဟာ ပထမမျိုးဆက်ရဲ့ အောင်မြင်မှုကို အမီလိုက်နိုင်မလား ဆိုတာတော့ မေးခွန်းထုတ်နေကြဆဲ ဖြစ်ပါတယ်။

အရောင်းရဆုံးက Playstation 2 ဂိမ်းစက်ဖြစ်ပြီးတော့ အလုံးရေ သန်း ၁၆၀ ကျော် ရောင်းချခဲ့ရပါတယ်။ ဒုတိယနေရာမှာက အလုံးရေ ၁၅၄ သန်းကျော် ရောင်းချခဲ့ရတဲ့ Nintendo ရဲ့ DS လက်ကိုင်ဂိမ်းစက်တွေ ရပ်တည်နေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013