DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယတွင် ခရစ်ကက်ချန်ပီယံအသင်း အောင်ပွဲခံချိန် လူအုပ်တိုးဝှေ့မှုကြောင့် ၁၁ ဦးထက်မနည်း သေဆုံး
DVB
·
June 5, 2025
အိန္ဒိယတွင် ခရစ်ကက်ချန်ပီယံအသင်း အောင်ပွဲခံချိန် လူအုပ်တိုးဝှေ့မှုကြောင့် ၁၁ ဦးထက်မနည်း သေဆုံး
Donate to DVB

အိန္ဒိယနိုင်ငံ၊ ဘန်ဂါလူရူမြို့မှာ ဇွန် ၄ ရက်က ပထမဆုံး အိန္ဒိယ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိခဲ့တဲ့ “ရွိုင်ရယ်လ် ချဲလန်ဂျာစ် ဘန်ဂါလူရူ” အသင်းရဲ့ ပရိသတ်တွေ အောင်ပွဲခံနေချိန်မှာ ခရစ်ကက်ကွင်းရဲ့ အပြင်ဘက်မှာ လူအုပ်တိုးဝှေ့မှုကြောင့် လူ ၁၁ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ညနေပိုင်းမှာ အသင်းဟာ ဘတ်စ်ကားနဲ့ ပြန်လည်ရောက်ရှိလာချိန် အိမ်ရှင်အသင်းရဲ့ အနီရောင်အလံတွေကို ဝှေ့ယမ်းပြနေတဲ့ ထောင်နဲ့ချီတဲ့လူတွေဟာ ချင်နာဆွာမိ အားကစားရုံတဝိုက်က လမ်းတွေမှာ စီတန်းနေကြပြီး တချို့ကလည်း ပိုပြီး မြင်ကွင်းကောင်းအောင် သစ်ပင်ပေါ်တွေနဲ့ အားကစားရုံ နံရံတွေပေါ် တက်ကြည့်နေကြတာကို တီဗီချန်နယ်တွေမှာ ပြထားပါတယ်။

အောင်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ခဲ့တာကြောင့် အပြင်ဘက်ရှိ တချို့လူတွေဟာ ခွင့်ပြုချက်မရှိဘဲ ဂိတ်ပေါက်တွေကို တွန်းထိုးဝင်ရောက်ဖို့ ကြိုးစားလာခဲ့ကြပြီး ပြင်ပနယ်နိမိတ်နဲ့ ပင်မကွင်းနေရာ အကြားမှာ ပြဿနာတွေ ထပ်မံဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ကာနားတကာ ပြည်နယ်အကြီးအကဲ ဆစ်ဒါးရ်မဟီရာက ဂိတ်တံခါးလေးတွေ ရှိပေမဲ့ လူတွေက ဂိတ်တွေကို ဖောက်ဝင်ကြတော့ လူအုပ်ပြိုပိမှု ဖြစ်တယ်လို့ ပြောကြားပါတယ်။

လူ ၃၅,၀၀၀ လောက်သာ ဆံ့တဲ့ ကွင်းမှာ  ထိုင်ခုံ ၃၅,၀၀၀ ပဲ ရှိပေမဲ့ လူ ၂ သိန်းကနေ ၃ သိန်းလောက်အထိ ရှိတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်မှာ အနည်းဆုံး လူ ၁၁ ယောက် သေဆုံးပြီး ၄၇ ယောက် ဒဏ်ရာရခဲ့ကြောင်း ကာနားတကာ ပြည်နယ်ဝန်ကြီးချုပ် ဆစ်ဒါးရ်မဟီရာက သတင်းထောက်တွေကို ပြောပါတယ်။

“လူအတော်များများက ခရစ်ကတ်စတား ဗီရတ်ခိုလီနဲ့ သူတို့အဖွဲ့ကို လာတွေ့ကြတာဖြစ်ပြီး မိန်းကလေးရော ယောက်ျားလေးတွေပါ အပြင်မှာ ရပ်နေကြပေမဲ့ မိန်းကလေးတွေက ခရစ်ကတ်အဖွဲ့ကို ပြေးသွားတွေ့ကြချိန်မှာ ဂိတ်က ပိတ်သွားတယ်။ ကောင်မလေးတွေက ဂိတ်ကို တွန်းဖွင့်လိုက်ပြီး အထဲကိုဝင်ကြတယ်။ ဒါက ဒီအဖြစ်အပျက်ရဲ့ အဓိကပြဿနာပါပဲ” လို့ မျက်မြင်သက်သေ မာဟေ့ရှ်က ပြောပြပါတယ်။

အဲဒီမှာ မိန်းကလေး ၃ ယောက် ပြုတ်ကျသွားခဲ့ပြီး ဘယ်သူ့ကိုမှ မကယ်နိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

အဲဒီအသင်းဟာ ပွဲအခမ်းအနားအတွက် အခမဲ့ဖြတ်သန်းခွင့် လက်မှတ်တွေကို သူ့ဝက်ဘ်ဆိုက်ကနေ ပေးခဲ့ပေမဲ့ အရေအတွက် ကန့်သတ်ထားကြောင်းလည်း သတိပေးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013