DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် တပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်သူ ၇၀,၀၀၀ ကျော်နှင့် သေဆုံးသူ ၆ ဦးရှိ 
DVB
·
June 4, 2025
ထိုင်းတွင် တပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်သူ ၇၀,၀၀၀ ကျော်နှင့် သေဆုံးသူ ၆ ဦးရှိ 
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပြန်လည်ကူးစက်ဖြစ်ပွားနေတာမှာ မေ ၂၅ မှ  ၃၁ ရက်အထိ တပတ်အတွင်း ရောဂါပိုးကူးစက်ခံရသူ ‌၇၃,၀၆၅  ယောက်ရှိပြီး သေဆုံးသူ ၆ ယောက် ရှိတယ်လို့  ထိုင်းနိုင်ငံကူးစက်ရောဂါထိန်းချုပ်ရေးဦးစီးဌာနက ဇွန် ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ဇန်နဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ ၅ လအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၉၂, ၆၁၉ ယောက် သေဆုံးသူ ၆၃  ယောက် ရှိပြီး သေဆုံးမှုရာခိုင်နှုန်းမှာ ၀ ဒသမ ၀၂ ရှိကာ  ရောဂါကူးစက်နှုန်း မြင့်မားလေ့ရှိတဲ့ ဇွန်လထဲက အရေအတွက်မပါဝင်သေးဘူးလို့ ဆိုပါတယ်။

ဇွန်လဟာ မိုးဦးကျရာသီဖြစ်ပြီး ကျောင်းဖွင့်ချိန်လည်းဖြစ်လို့ ခါတိုင်းလတွေထက် ကူးစက်နှုန်း ပိုများတယ်၊  ဒီနှစ်ထဲ ကူးစက်တဲ့ ကိုဗစ်-၁၉ အမျိုးအစားဟာ အိုမီခရွန်မျိုးစိတ်ကွဲ  NB 1.8.1 ဖြစ်ပြီး ကူးစက်ပြန့်ပွားနှုန်းမြန်ပေမဲ့ အန္တရာယ်မဆိုးရွားကြောင်း၊ ကာကွယ်ဆေးထိုးဖူးသူတွေအတွက် လုံးဝအကာအကွယ်ပေးနိုင်ခြင်းမရှိပေမဲ့ အခြေအနေမဆိုးရွားအောင်တော့ ထိန်းပေးတယ်လို့ ဗိုင်းရပ်စ်ဆေးခန်း ကျွမ်းကျင်ရေးဗဟိုဌာနမှ ဒေါက်တာ ယုန်းဖုဝေါ့လ်ဝမ်းက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကို ရာသီအလိုက် ဖြစ်ပွားလေ့ရှိတဲ့ ရောဂါလို့ သတ်မှတ်ထားပြီး  ဇွန်လမှာ ကူးစက်မှုအမြင့်မားဆုံး ဖြစ်ပါတယ်။

ဇူလိုင်နောက်ဆုံးပတ်မှာ ကူးစက်နှုန်း ကျဆင်းလေ့ရှိကာ ကိုဗစ်-၁၉ စဖြစ်တဲ့ ပထမ ၃ နှစ်အတွင်း သေဆုံးသူ ၃၀,၀၀၀ ကျော်ရှိပြီး ၄ နှစ်မြောက်မှာ သေဆုံးသူ ၆၀၀ ကျော်၊ ၅ နှစ်မြောက်မှာ ၂၀၀ ကျော်၊ ၂၀၂၅ နှစ်ထဲမှာ ၆၀ ကျော်သာရှိတာကြောင့် သေဆုံးမှုနှုန်း တဖြည်းဖြည်း ကျဆင်းသွားမယ့် အခြေအနေရှိတယ်လို့ ထိုင်းကျန်းမာရေးဌာနတာဝန်ရှိသူက ပြောပါတယ်။

Source: ThaiPBS News / Thairath 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013