
တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်မှာ ရက်အတော်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် အာဏာပိုင်တွေဟာ ကယ်ဆယ်ရေးနဲ့ သဘာဝဘေး သက်သာရေး အထောက်အကူပြုလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ကြတယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ဇွန် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
မြေပြိုမှုကြောင့် လမ်းပိုင်းတချို့ ပိတ်ဆို့သွားပြီးနောက် အဝေးပြေးလမ်းတချို့မှာလည်း ယာဉ်ကြောတွေ ပြတ်တောက်ခဲ့ပါတယ်။
ကွမ်ရှီးကျောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကွီလင်းမြို့မှ လမ်းပေါ်ရှိ ကျောက်တုံးတွေနဲ့ အမှိုက်ပိတ်ဆို့မှုတွေကို ရှင်းလင်းဖယ်ရှားဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စက်ယန္တရားကြီးတွေကို ချထားခဲ့ကြောင်း CCTV သတင်းမှာ ဖော်ပြပါတယ်။
ယူနန်ပြည်နယ်မှာ လာမယ့်ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ တရုတ်အမျိုးသား မိုးလေဝသဌာနက ခန့်မှန်းထားပြီး အရှေ့မြောက်ဒေသမှာလည်း မကြာခဏ ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းတွေ ကျရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Source: Reuters