DVB Logo
Home
မြန်မာသတင်း
ယခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသား ၆ ဒသမ ၁ သန်းကျော် ကျောင်းအပ်နှံ 
DVB
·
June 3, 2025
ယခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသား ၆ ဒသမ ၁ သန်းကျော် ကျောင်းအပ်နှံ 
Donate to DVB

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်တဲ့ အခြေခံကျောင်းတွေမှာ ကျောင်းအပ်နှံသူဦးရေဟာ ၆ ဒသမ ၁ သန်းကျော်ရှိတယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ သိရပါတယ်။

တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်ကျောင်းအပ်နှံမှုအနေနဲ့ မူလတန်းကျောင်းအပ်နှံမှု ၄,၁၄၆,၂၅၁ ယောက်၊ အလယ်တန်းကျောင်းအပ်နှံမှု ၁,၃၄၄,၂၃၆ ယောက်နဲ့  အထက်တန်းကျောင်းအပ်နှံမှု ၆၂၈,၇၇၃  ယောက်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ ကျောင်းအပ်နှံသူဦးရေဟာ ၆ ဒသမ ၄ သန်းနီးပါးရှိခဲ့ပြီး ပညာသင်နှစ်နှစ်ခုနှိုင်းယှဉ်ပါက လျော့နည်းကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကျောင်းတွေမှာ ကျောင်းတက်သူ ဦးရေဟာ ကျဆင်းလာခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပုံမှန်အားဖြင့် နှစ်စဉ် ပညာသင်နှစ်တွေမှာ ပုံနှိပ်စာအုပ်အသစ်တွေကို ထောက်ပံ့ပေးလေ့ရှိပေမဲ့ အခုပညာသင်နှစ်ကစပြီး ပုံနှိပ်စာအုပ်အဟောင်းတွေကိုသာ ထောက်ပံ့ပေးနိုင်တော့တယ်လို့ သိရပါတယ်။

ပုံနှိပ်စာအုပ်အဟောင်းတွေကိုလည်း ကျောင်းသားစေ့ မထောက်ပံ့ပေးနိုင်ဘူးလို့ သိရပါတယ်။

ကျောင်းသားမိဘတယောက်က " ကျောင်းသွားအပ်တာ ဖတ်စာအုပ်အဟောင်းတောင် မရခဲ့ဘူး။ အပြင်ကနေပဲ ဝယ်သုံးခိုင်းတယ်။ ကျောင်းဖွင့်ရင်တောင် ရဖို့မသေချာဘူးလို့ ဆရာမက ပြောလိုက်တယ်။ အပြင်မှာကလည်း ကျောင်းသုံးဖတ်စာအုပ်တွေက ဈေးအရမ်းကြီးတယ်။ အပြင်မှာကျတော့ ရောင်းနိုင်ပြီး ကျောင်းတွေမှာကျတော့ မပေးနိုင်ဘူး" လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ရေးအတွက်အသုံးစရိတ်ကိုသာ အဓိကထားသုံးစွဲနေပြီး ပညာရေးရဲ့အသုံးစရိတ်ကို လျှော့ချလိုက်တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကျွန်ပညာရေးကို ဆန့်ကျင်သပိတ်မှောက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမ တွေ သန်းနဲ့ချီပြီး ကျောင်းမတက်ဘဲ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013