
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) ဟာ ဇွန် ၂ ရက်မှာ မြောက်မက်ဆီဒိုးနီးယား အလယ်ပိုင်းက ခရီဗိုလာ တပ်မတော်အခြေစိုက်စခန်းမှာ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
ယူဂိုဆလပ်သမ္မတနိုင်ငံဟောင်းဖြစ်တဲ့ မြောက်မက်ဆီဒိုးနီးယားဟာ ၂၀၂၀ ပြည့်နှစ် ဧပြီလမှာ အမေရိကန်ဦးဆောင်တဲ့ နေတိုး စစ်မဟာမိတ်အဖွဲ့ရဲ့ နိုင်ငံ ၃၀ မြောက်အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး နိုင်ငံ နာမည်ပြောင်းတာ အပါအဝင် ရှည်လျားတဲ့ လုပ်ငန်းစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။
ဥရောပလုံခြုံရေးအတွက် ရည်ရွယ်ရင်း ပစ်မှတ်လေ့ကျင့်မှုနဲ့ ရဟတ်ယာဉ်တွေ ပါတဲ့ 'ချက်ချင်း တုံ့ပြန်ရေး' လေ့ကျင့်မှုမှာ စစ်သားတွေ၊ တင့်ကားတွေနဲ့ သံချပ်ကာ စစ်ကားတွေ ပါဝင်လေ့ကျင့်ခဲ့ ပါတယ်။
ချက်ခြင်းတုံ့ပြန်ရေး 25 လေ့ကျင့်ခန်းထဲမှာ နေတိုးကွန်ရက်တွေနဲ့အတူ နိုင်ငံပေါင်းစုံက စစ်သားတွေက ဆိုက်ဘာလေ့ကျင့်ခန်း၊ ရေထဲကို ဖြတ်ကူးတာနဲ့ CBRNE လေ့ကျင့်ခန်းတွေကို မေ ၂၆ မှ ဇွန် ၉ ရက်အထိ လေ့ကျင့်နေပါတယ်။
အယ်လ်ဘေးနီးယား၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဂရိ၊ ကိုဆိုဗို၊ မွန်တီယာဂရိုးနဲ့ မြောက်ကိုဆိုဗို နိုင်ငံတို့က စစ်သည်အင်အား ၁၂,၀၀၀ ကျော် ပါဝင် လေ့ကျင့်နေတယ်လို့ အမေရိကန်စစ်တပ်ရဲ့ ဥရောပနဲ့ အာဖရိက စစ်တိုင်းက တရားဝင် အင်တာနက်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။
Photo: Reuters