
တူရကီနိုင်ငံမှာ ဆွေးနွေးနေတဲ့ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ဟာ ပြန်လိုချင်တဲ့ ကလေး အယောက် ၄၀၀ နီးပါးရဲ့ စာရင်းကို ရုရှားနိုင်ငံသို့ ပေးအပ်ခဲ့ပြီး သူတို့ထဲက ၁၀ ယောက်သာ ပြန်လာဖို့ သဘောတူထားတယ်လို့ ရုရှားကိုယ်စားလှယ်အဖွဲ့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
ဇွန် ၂ ရက်က လစ်သူအေးနီးယားနိုင်ငံ၊ ဗဲလ်နီးယပ်စ်မြို့တော်မှာ ကျင်းပတဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) အစည်းအဝေးကို တက်ရောက်ပြီး ဇလန်းစကီးဟာ တူရကီမှာ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောခဲ့တာပါ။
သစ်သားတဲတွေထဲမှာ ထည့်ပြီး ခိုးသွင်းလာတဲ့ ဒရုန်းတွေကို သုံးရင်း ရုရှားစစ်လေယာဉ်ကွင်းတွေကို တိုက်ခိုက်ခဲ့တဲ့ ပင့်ကူအိမ်လို့ နာမည်ပေးထားတဲ့ ယူကရိန်း ထောက်လှမ်း စစ်ဆင်ရေးဟာ မိတ်ဖက်တွေရဲ့ ယုံကြည်မှုကို ပြန်ရအောင် ကူညီပေးခဲ့တယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။
Source: Reuters