
ဘရန့်ဖိုဒ်အသင်းက လီဗာပူးဂိုးသမားကွီဗင်ခယ်လဟာကို ပေါင် ၁၃ သန်းခန့်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။
အိုင်ယာလန်လက်ရွေးစင်ဂိုးသမားဟာ လီဗာပူးမှာ လက်စွမ်းပြနေပေမဲ့ နံပါတ်တစ်ဂိုးသမား အလစ်ဆွန် ရှိနေတာကြောင့် ဖလားပွဲစဉ်တွေမှာပဲ ပွဲထွက်ခွင့်ရခဲ့သူပါ။
ဘရန့်ဖိုဒ်အသင်းဟာ နံပါတ်တစ်ဂိုးသမား ဖလက်ကန်ကို လီဗာကူဆင် အသင်းဆီ လက်လွှတ်ခဲ့ရတာကြောင့် ခယ်လဟာကို ပြန်လည်ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာပါ။
ခယ်လဟာ ၂၀၁၆ ခုနှစ် သူ့အသက် ၁၈ နှစ်ကတည်းက လီဗာပူးမှာရောက်ရှိနေတာ ဖြစ်ပြီး ပရီးမီးယားလိဂ် ၂၅ ပွဲအပါအဝင် ရှုံးထွက်ပွဲ ၄၀ လောက် ကစားပေးခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ကီဗင်ခယ်လဟာရဲ့နေရာမှာ ဗလင်စီယာဂိုးသမား မာမာဒက်ရှ်ဗီလီကို ပြီးခဲ့တဲ့နွေရာသီကတည်းက ပေါင် ၂၉ သန်းနဲ့ ကြိုတင်ခေါ်ယူထားပြီး ဖြစ်ပါတယ်။
Photo:Reuters