DVB Logo
Home
မြန်မာသတင်း
အမျိုးသားပညာရေးဥပဒေကို ကျောင်းသားထု သပိတ်မှောက်
DVB
·
November 13, 2014
အမျိုးသားပညာရေးဥပဒေကို ကျောင်းသားထု သပိတ်မှောက်
Donate to DVB

ရန်ကုန်မြို့မှာ ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ် အစည်းအဝေးကြီးကနေ အစိုးရက ပြဋ္ဌာန်းထားတဲ့ အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ကြောင်း ကြေညာ လိုက်ပါတယ်။

နိုင်ငံတ၀န်းက ကျောင်းသား ၅၀၀ ကျော် ၂ ရက်ကြာ ဆွေးနွေးခဲ့ပြီးနောက် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီကို ဖွဲ့စည်းကာ သပိတ်မှောက်လိုက်တာ ဖြစ်ပါ တယ်။
Students
သတင်းပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က “ပညာရေး ဥပဒေကို သပိတ်မှောက်လို က်တဲ့အတွက် ဒီဥပဒေနဲ့ ပတ်သက်တဲ့ အကြောင်း အရာတွေကို လက်ခံ မှာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။

ဒါအပြင် အချက် ၆ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ဒီကြေညာချက်ကို အကောင်ထည်ဖော်ဖို့ အတွက် အဖွဲ့ဝင် ၁၅ ဦးပါ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီကို ဖွဲ့စည်းကာ ဒီမိုကရေစီ ပညာရေး ပေါ်ထွန်းလာဖို့အတွက် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန် နာရေးကူညီမှုအသင်းမှာ ကျင်းပမယ့် ကျောင်းသားထုဆွေးနွေးပွဲမှာ ၂ ရက်တာ သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုကောင်းထက်ကျော်က “ဘာတွေ ထူးခြားလဲ ဆိုတော့ သူတို့ကျောင်းသား ၅၀၀ လောက် တံခါးပိတ်ဆွေးနွေးပြီး ညနေပိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောတာကတော့ ဒီပညာရေးဥပဒေကို သပိတ်မှောက်တယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ သပိတ်တိုက်ပွဲတွေ ဆင်နွှဲမယ်”လို့ ပြောပါတယ်။

ကျောင်းသားထုအစည်းအဝေးရဲ့ သဘောထားထုတ်ပြန်ချက်မှာ လက်ရှိအမျိုးသား ပညာရေး ဥပဒေဟာ လူ့အခွင့်အရေးတန်းတူညီမျှမရဘဲ ငြိမ်းချမ်းစွာပညာသင်ကြားခွင့်ကို အာမခံချက် မရှိတဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။ ဒါ့အပြင် ပညာရေးစနစ်ကို စီမံခန့်ခွဲရာမှာ အစိုးရက ထိန်းချုပ်ခြင်းနဲ့ ပညာရှင်တွေ ပါဝင်ဆောင်ရွက်ခွင့် အားနည်းမှုတွေ ရှိနေသလို ကျောင်းတွင်း အသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းပိုင်ခွင့် မပေးမထားတဲ့ အတွက် အဖိနှိပ်ခံပညာရေးစနစ်သာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို တင်းကျပ်စွာ ချုပ်ကိုင်ကန့်သတ်ထားသလို ကျောင်းသား သမဂ္ဂများ ဖွဲ့စည်းခွင့်ကို ထည့်သွင်းပြဋ္ဌာန်းပေးမှု မရှိတာတွေဟာလည်း ကျောင်းသားထု အခွင့်အရေးကို ပစ်ပယ်မှုလို့ သတ်မှတ်ဖော်ပြထားပါတယ်။

အစည်းအဝေးမှာ သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုကောင်းထက်ကျော်က ဒီညနေ ၆ နာရီခန့်မှာ တွေ့မြင်ရတဲ့ အခြေအနေကို ခုလို ပြောပါတယ်။

“ကျောင်းသူတွေလည်း ပါတယ်။ ကျောင်းသားတွေလည်း ပါတယ်။ လုံခြုံရေးအခြေအနေ ကတော့ ဒီမှာ ခုနတုန်းကတော့ စရဖ တို့ဘာတို့ကတော့ ဒီသတင်းကို ကြားပြီးတာနဲ့ ချက်ခြင်း ဖုန်းတွေ ဆက်ပြီးတော့ တန်းပြီးတော့ ပြန်ထွက်သွားတယ်။ ကြည့်ရတာ လုံခြုံရေးအခြေအနေက သိပ်ပြီးတော့ ဟို ကျပ်မယ့်သဘောမျိုးကတော့ ပိုရှိမယ်နဲ့တူတယ်။ မနက်ဖြန် အိုဘားမား (အမေရိကန်သမ္မတ) လာမယ်ဆိုတော့ အစိုးရဘက်ကလည်း အလုပ်ခံမယ်လို့တော့ မထင်ဘူး” လို့ ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေကို နိုင်ငံတ၀န်းက ကျောင်းသားတွေ ကန့်ကွက်နေပေမယ့် ဇူလိုင် ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013