
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတွင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ အခြေခံပညာကျောင်းတွေကို ဇွန် ၂ ရက် ဒီကနေ့မနက်မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။
လက်ရှိ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်မှာတော့ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ပထမဆုံး နေ့ဖြစ်တဲ့ မေလ ၂၂ ရက်နေ့မှာပဲ နိုင်ငံတဝန်း ကျောင်းအပ်နှံသူဦးရေ ၁ သန်းကျော်ရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မှာ ကျောင်းအပ်နှံသူဦးရေ ၅ သန်းကျော်၊ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်မှာ ၆ သန်းကျော်နဲ့ ပြီးခဲ့တဲ့ ၂၀၂၄ -၂၀၂၅ ခုနှစ်မှာတော့ အရင်နှစ်ကထက် ကျောင်းအပ်နှံသူဦးရေ ၅၀,၀၀၀ ကျော် ပိုပြီးအပ်နှံလာကြပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကျွန်ပညာရေးကို ဆန့်ကျင်သပိတ်မှောက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမ တွေ သန်းနဲ့ချီပြီး ကျောင်းမတက်ဘဲ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။