DVB Logo
Home
မြန်မာသတင်း
စစ်တပ် တိုက်ခိုက်မှုကြောင့် ၅ လအတွင်း ကရင်နီ စစ်ရှောင်နှင့်ဒေသခံ ၃၆ ဦး သေဆုံး
DVB
·
June 1, 2025
စစ်တပ် တိုက်ခိုက်မှုကြောင့် ၅ လအတွင်း ကရင်နီ စစ်ရှောင်နှင့်ဒေသခံ ၃၆ ဦး သေဆုံး
Donate to DVB

ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး အရပ်သားပြည်သူ​တွေ ရှိရာကိုလည်း တိုက်ခိုက်လို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ ၅ လအတွင်း ပြည်သူ ၃၆ ယောက် သေဆုံးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်အင်အားစု PKPF က ဇွန် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာနေရာတလျှောက်မှာတွေ့ရတဲ့ အရပ်သားပြည်သူတွေကို အကြောင်းမဲ့ပစ်သတ်တာ၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူတွေ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

PKPF တာဝန်ခံက “စစ်ကောင်စီက ဖယ်ခုံ မိုးဗြဲဘက်မှာ ထိုးစစ်ဆင်တယ်။ လွိုင်ကော် ကုန်းသာဘက်လည်း ထိုးစစ်ဆင်တယ်။ အဲဒီဘက်တွေမှာ စိုးမိုးနယ်မြေပြန်ရဖို့အတွက် စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တယ်။ လေယာဥ်ဗုံးကြဲတာတွေ လုပ်တာ တွေ့ရတယ်။ စစ်ပွဲနဲ့မဆိုင်တဲ့ အရပ်သားပြည်သူတွေကို တမင်သက်သက် ရန်သူသဖွယ် တိုက်ခိုက်တယ်လို့ပဲ မှတ်ယူတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီလက်ချက်ကြောင့် ၅ လအတွင်း အရပ်သားပြည်သူ ၃၂ ယောက်နဲ့ စစ်ဘေးရှောင်ပြည်သူ ၄ ယောက်တို့ သေဆုံးခဲ့ရပြီး အာဏာသိမ်းပြီးချိန်ကနေ ခုလက်ရှိအထိ အရပ်သားနဲ့ စစ်ဘေးရှောင် စုစုပေါင်း ၇၄၆ ယောက်အထိ သေဆုံးခဲ့ရပါတယ်။

၄ နှစ်ကျော်ကာလအတွင်း  လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပေါင်း ၁၉၁၇ ကြိမ်ထိရှိပြီး ပြည်သူ့နေအိမ် ၃၀၄၉ လုံးပျက်စီးခဲ့ရကာ ဘာသာရေးအဆောက်အအုံ ၅၇ လုံး၊ စာသင်ကျောင်း ၂၉ ကျောင်း၊ ဆေးရုံ ဆေးခန်း ၁၇ ခုတို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈၀၈ ယောက် သေဆုံး၊ တော်လှန်ရေးအင်အားစုဘက်က ၇၅၉ ယောက်ကျဆုံးခဲ့ရပြီး စစ်ကောင်စီရဲ့ တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ် ၃ စီး၊ ထောက်ပို့ယာဥ် ၆၈ စီး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013