DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် ထိုးစစ် ရပ်တန့်ရေး သမ္မတအိုဘားမားထံ ရှမ်း ၁၂ ဖွဲ့ တောင်းဆို
DVB
·
November 13, 2014
ရှမ်းပြည်နယ် ထိုးစစ် ရပ်တန့်ရေး သမ္မတအိုဘားမားထံ ရှမ်း ၁၂ ဖွဲ့ တောင်းဆို
Donate to DVB

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ အိုဘားမားအနေနဲ့ မြန်မာအစိုးရနဲ့ တွေ့တဲ့အခါမှာ ရှမ်းပြည်နယ်ထဲမှာ ထိုးစစ်ဆင်ရတဲ့ အကြောင်းရင်းကို မေးမြန်းပြီး ပစ် ခတ်မှုတွေ ရပ်စဲအောင် တိုက်တွန်းပေးဖို့ ရှမ်းလူမှုအခြေပြု အဖွဲ့အစည်းက တောင်းဆို လိုက်ပါတယ်။

USd1အမေရိကန်သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးကို စိတ်ဝင်စားသူ ဖြစ်သလို သူ့အနေနဲ့ မြန်မာအစိုးရပေါ် တိုက်တွန်းပေးနိုင်မယ်လို့ မျှော်လင့်တဲ့အတွက် စာပို့ရတာ ဖြစ်တယ်လို့ ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းများရဲ့ ပြောခွင့်ရ စိုင်းခေးဆိုင်က ဒီဗွီဘီကို ပြောပါတယ်။

“အစိုးရက ငြိမ်းချမ်းရေးဆောင်ရွက်နေချိန်မှာ တဘက်က ထိုးစစ်တွေလည်း ဆင်နေတာကြောင့် ကျနော်တို့ ပြည်သူတွေ ဒုက္ခရောက်နေတာကို မြန်မာပြည်ရောက် သမ္မတ အိုဘားမားကို သိစေချင်တာက တကြောင်း၊ သူကလည်း အာဆီယံခေါင်းဆောင် တော်တော်များများနဲ့ တွေ့ဆုံ ပြောဆိုကြမှာမို့ ဒီကိစ္စကိုပါ ထည့်ပြောမယ်ဆိုရင် အားလုံး လည်း သိသွားမယ်။ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးကာလ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကိစ္စ ရှောရှောရှူရှူဖြစ် သွားနိုင်အောင်၊ စစ်ပွဲတွေလည်း လျော့သွားအောင် တဘက်တလမ်း ကနေ မြန်မာအစိုးရကို တိုက်တွန်း ဖိအားပေးနိုင်အောင်ပေါ့။ အဲဒါတွေရည်ရွယ်ပြီး စာပို့ရခြင်း ဖြစ်ပါတယ်။”

သမ္မတအိုဘားမားအနေနဲ့ အစိုးရကို တိုက်တွန်းပေးစေလိုတဲ့ အချက်တွေထဲမှာ အစိုးရတပ်က တိုင်းရင်းသားဒေသထဲ စစ်အင်အားတိုးချဲ့မှုနဲ့ ထိုးစစ်ဆင်မှု ရပ်ဆိုင်းဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်ဖို့၊ ပဋိပက္ခ မဖြေရှင်းနိုင်သေးဘဲ တိုင်းရင်းသား ဒေသမှာ သယံဇာတ ထုတ်ယူတာ၊ အကြီးစား ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်ဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ နေ့စွဲနဲ့ အမေရိကန်သမ္မတ အိုဘားမားဆီ ပေးပို့တဲ့ တောင်းဆိုချက်ကို ရှမ်းလူ့အခွင့်အရေးအဖွဲ့၊ ရှမ်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့၊ စာပေယဉ်ကျေးမှုအဖွဲ့နဲ့ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့ အစရှိတဲ့ အဖွဲ့အစည်း ပေါင်း ၁၂ ဖွဲ့က ပူးပေါင်းထုတ်ဖော်ရေးသားထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013