DVB Logo
Home
နိုင်ငံတကာ
ထရန်းဒီအာရဂွာဂိုဏ်းနှင့် ဆက်နွှယ်သည့် သံသယရှိသူ  ၄၁ ဦးကို အာဂျင်တီးနားနှင့် ချီလီ ဖမ်းဆီး
DVB
·
May 31, 2025
ထရန်းဒီအာရဂွာဂိုဏ်းနှင့် ဆက်နွှယ်သည့် သံသယရှိသူ  ၄၁ ဦးကို အာဂျင်တီးနားနှင့် ချီလီ ဖမ်းဆီး
Donate to DVB

အာဂျင်တီးနားနဲ့ ချီလီ ရဲတပ်ဖွဲ့တွေဟာ ထရန်းဒီအာရဂွာရာဇဝတ်ဂိုဏ်းနဲ့ ဆက်နွှယ်တဲ့ ရာဇ၀တ်မှုတွေအတွက် သံသယရှိသူ ၄၁ ယောက်ကို အခုသီတင်းပတ်အတွင်း ဖမ်းဆီးခဲ့ပါတယ်။

အာဂျင်တီးနားနိုင်ငံမှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့  ထရန်းဒီအာရဂွာ ရာဇဝတ်ဂိုဏ်းနဲ့ ဆက်နွှယ်တဲ့ ရာဇ၀တ်မှုဆိုင်ရာ လုပ်ရပ်တွေအတွက် လူ ၁၂ ယောက်ကို ဖမ်းဆီးထားကြောင်း လုံခြုံရေးဝန်ကြီး ပက်ထရစ်ရှာ ဘူးလ်ရစ်ချ်က မေလ ၂၉ ရက်မှာ ပြောပါတယ်။

ဒါက အလွန်အန္တရာယ်ကြီးတဲ့ဂိုဏ်းတခုဖြစ်ပြီး ဒီနေ့တော့ သူ့အဖွဲ့ဝင် ၁၂ ယောက်ကို ထောင်ချထားတယ်လို့ လုံခြုံရေးဝန်ကြီး ပက်ထရစ်ရှာဘူးလ်ရစ်ချ်က ဘွေးနော့စ်အိုင်းရိစ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သူတို့အုပ်စုဟာ သေနတ်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို သုံးကာ စူပါမတ်ကတ်တွေ၊ အသားဆိုင်တွေ၊ ကုန်မာစတိုးဆိုင်တွေကို တိုက်ခိုက်ခဲ့ပြီးတော့ လူသေဆုံးမှုတွေလည်း ဖြစ်ပွားခဲ့တယ် လို့ ဘူးလ်ရစ်ချ်က ပြောပါတယ်။ 

တချိန်တည်းမှာပဲ ချီလီနိုင်ငံအလယ်ပိုင်း လာ-အရောက်ကာနီယာ ဒေသမှာ မေလ ၂၇ ရက်က စီးနင်းမှုအတွင်း ဂိုဏ်းနဲ့ဆက်နွှယ်သူ ၂၉ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး စစ်ဆင်ရေးအတွင်း ဒေသခေါင်းဆောင် အပါအဝင်အဖွဲ့အစည်းရဲ့  ခေါင်းဆောင်ပိုင်းအားလုံးကို ဖမ်းဆီးနိုင်ခဲ့တယ် လို့ ချီလီအာဏာပိုင်တွေက ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနဟာ ထရန်းဒီ အာရဂွာဗင်နီဇွဲလားဂိုဏ်းကို ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဖေဖော်ဝါရီလမှာ သတ်မှတ်ခဲ့ပြီး အဲဒီဂိုဏ်းဟာ အမေရိကန် အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေးမူဝါဒနဲ့ စီးပွားရေးအကျိုးစီးပွားတွေကို ခြိမ်းခြောက်နေတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ဗင်နီဇွဲလားအစိုးရဟာ မူလအစ အကျဉ်းထောင်ကနေ စတင်ဖွဲ့စည်းခဲ့တဲ့ ဂိုဏ်းကို ၂၀၂၃ ခုနှစ်မှာ ဝင်ရောက် စီးနင်းချိန်အတွင်း ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းနဲ့ ထပ်ပြီး မရှိတော့ကြောင်း ကြေညာထားပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013