Home
အားကစား
ဥရောပဝင်ခွင့် လွဲချော်ခဲ့ပြီးနောက် နည်းပြချုပ် ကွန်ဆီကာအိုကို အေစီမီလန် ထုတ်ပယ်
DVB
·
May 31, 2025
Photo :Reuters

အေစီမီလန်အသင်းဟာ ဥရောပဝင်ခွင့် လွဲချော်သွားပြီးနောက်မှာ နည်းပြချုပ် ကွန်ဆီကာအိုကို ရာထူးကနေ ထုတ်ပယ်သွားပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကမှ  ၁၈ လ စာချုပ်နဲ့ စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ၆ လအကြာမှာ ရာထူးကနေထုတ်ပယ်ခံခဲ့ရတာပါ။

ကွန်ဆီကာအိုဟာ ပေါ်တိုမှာတုန်းက ၆ နှစ်အတွင်း ဆုဖလား ၁၁ လုံးရယူပေးခဲ့သူဖြစ်ပြီး အေစီမီလန်ကို တာဝန်ယူပြီးတပတ်အကြာမှာပဲ အီတလီစူပါဖလားရယူနိုင်ခဲ့သူပါ။

ဒါပေမဲ့ ကိုပါအီတလီယာဖိုင်နယ်မှာ ဘိုလော့ညာကိုရှုံးနိမ့်ခဲ့သလို စီးရီးအေမှာလည်း  အဆင့် ၈ နေရာနဲ့ ရာသီသိမ်းခဲ့လို ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတာပါ။

အေစီမီလန်အသင်းဟာ ကွန်ဆီကာအိုနေရာမှာ အရင်အသင်းနည်းပြဟောင်း အယ်လီဂရီကို အစားထိုးခန့်အပ်ဖို့ လုပ်ဆောင်နေပါတယ်။

Photo:Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024