
အနောက်အာဖရိကနိုင်ငံတွေရဲ့ စီးပွားရေးအသိုက်အဝန်း (ECOWAS)က အကြမ်းဖက်ဝါဒ၊ ရာသီဥတု ဖောက်ပြန်မှု၊ စစ်အာဏာသိမ်းမှုနဲ့ ဆင်းရဲမွဲတေမှုတို့ ကြီးထွားလာနေတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အီကိုဝက်စ်ရဲ့ အကြီးတန်းအရာရှိက မေ ၂၈ ရက်မှာ ပြောပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ (ECOWAS) အစုအဖွဲ့ကို ဖွဲ့စည်းပြီးတဲ့နောက် နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲမှာ ခုလို ပြောလိုက်တာပါ။
ဘာသာရေး စစ်ဝါဒီတွေရဲ့ အကြမ်းဖက်မှုတွေဟာ ဒီနှစ်ထဲမှာ နိုက်ဂျာ၊ မာလီ၊ ဘာကီနာဖှာဆိုတို့ အပါအဝင် ဆာဟဲဒေသနဲ့ နိုင်ဂျီးရီးယားနိုင်ငံတို့မှာ မြင့်တက်လာခဲ့ပါတယ်။
နိုင်ငံတချို့ကတော့ စစ်တပ်က အာဏာသိမ်းအပြီး အဖွဲ့က ဒဏ်ခတ်တာကို ကန့်ကွက်ဆန့်ကျင်ရင်း ECOWAS ကနေ ခွဲထွက်သွားခဲ့ကြတာပါ။
ECOWAS ကော်မရှင်ဥက္ကဋ္ဌ အိုမာအလျူတူလေးက"ကျနော်တို့ ဒီနေ့ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုတွေက အကြမ်းဖက်ဝါဒ၊ ရာသီဥတုပြောင်းလဲမှု၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မကိုက်ညီတဲ့ အစိုးရအပြောင်းအလဲ၊ ဆင်းရဲမွဲတေမှုနဲ့ စီးပွားရေးကွာဟချက်တွေပါ”လို့ ပြောပါတယ်။
ECOWAS ကို ၁၉၇၅ ခုနှစ် မေ ၂၈ ရက်မှာ တည်ထောင်ခဲ့ပြီး ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှု၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးကို မြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။
ဒါပေမဲ့ ဆယ်စုနှစ် ၅ ခုကြာပြီးတဲ့နောက်မှာ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘာကီနာဖှာဆို၊ မာလီနဲ့ နိုက်ဂျာနိုင်ငံတို့မှာ စစ်အာဏာရှင်တွေက သူတို့ရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးတော့မှာ မဟုတ်ဘူးလို့ပြောရင်း အစုအဖွဲ့ကနေ ခွဲထွက်ခဲ့ကြပါတယ်။
Photo: Reuters