
အာဆင်နယ်အသင်း ခေါ်ယူဖို့ ပစ်မှတ်ထားတဲ့ တိုက်စစ်မှူးစာရင်းမှာ မန်စီးတီးတိုက်စစ်မှူးဟောင်း ဂျူလီယန် အယ်လ်ဗာရက်ဇ်လည်း ပါဝင်လာပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့်ရာသီအတွက် တိုက်စစ်မှူးတယောက် မဖြစ်မနေ ခေါ်ယူဖို့ လုပ်ဆောင်နေပြီး လိုက်ပ်ဇစ်က ရှက်ကို၊ စပိုတင်းလစ္စဘွန်းက ယိုကရက်စ်တို့ အပါအဝင် အက်သလက်တီကို တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်လည်း ပါဝင်လာခဲ့တာပါ။
အသက် ၂၅ နှစ်ရှိ အာဂျင်တီးနားတိုက်စစ်မှူးဟာ မန်စီးတီးမှာ ကစားစဉ်က လက်ရှိ အာဆင်နယ် နည်းပြ အာတေတာနဲ့ အတူလက်တွဲဖူးသူပါ။
သူဟာ မနှစ်က မန်စီးတီးကနေ စပိန်ကလပ်ဆီ ပြောင်းရွှေ့သွားခဲ့ပြီး စုစုပေါင်း ၅၄ ပွဲမှာ ၂၉ ဂိုး အထိ သွင်းယူနိုင်ခဲ့တာပါ။
အယ်လ်ဗာရက်စ်ဟာ တီကိုနဲ့ ၆ နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုထားပြီး မက်ဒရစ်ကလပ်ဘက်က ရောင်းချလိုခြင်း မရှိဘူးလို့လည်း သတင်းထွက်ပေါ်နေပါတယ်။