DVB Logo
Home
မြန်မာသတင်း
ဂျပန်က မြန်မာကို အမေရိကန် ဒေါ်လာ သန်း ၂၅၀ ထုတ်ချေးမည်
DVB
·
November 13, 2014
ဂျပန်က မြန်မာကို အမေရိကန် ဒေါ်လာ သန်း ၂၅၀ ထုတ်ချေးမည်
1 / 2
Donate to DVB

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၅၈ သန်းနဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ ၂၅ ဒသမ ၈ ဘီလျံ ချေးငွေကူညီပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောတဲ့အကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

13-6-11အခုလို ချေးငွေပေးအပ်ဖို့ကိစ္စကို နေပြည်တော်မှာ ရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာသမ္မတနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာလို့ သတင်းက ဆိုပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ နိုဝင်ဘာ ၁၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံ- ဂျပန် ထိပ်သီးအစည်းအဝေးနဲ့ မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးပွဲတွေကို တက်ရောက်ခဲ့ပြီး ဒီကနေ့လည်း အရှေ့အာရှ ထိပ်သီးအစည်းအဝေးပွဲနဲ့ ASEAN+3 အစည်းအဝေးတွေကို တက်ရောက်ဖို့ ရှိပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့က အာဆီယံ-ဂျပန်အစည်းအဝေးပွဲမှာတော့ ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ အာဆီယံ-ဂျပန်လွတ်လပ်တဲ့ ကုန်သွယ်မှုနယ်မြေ အကောင်အထည်ဖော်ရေးနဲ့ ဂျပန်က အဓိကရင်နှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ သီလ၀ါအထူး စီးပွားရေးဇုန်မှတဆင့် ဒေသအဆင့် ဆက်သွယ်ရေးလမ်းကြောင်းတွေ တိုးမြှင့်ဆောင်ရွက် ရေး ပူးပေါင်းလုပ်ဆောင်ကြရေး စတာတွေ ဆွေးနွေးခဲ့ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ သီးခြား တွေ့ဆုံပွဲမှာတော့ ကျန်းမာရေး၊ ပညာရေး၊ ဆောက်လုပ်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားနဲ့ အလတ်စား စက်မှုကဏ္ဍ ဖွံ့ဖြိုးရေး၊ သီလ၀ါနဲ့ ထားဝယ် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေအပြင် ရန်ကုန်မှာ သယ်ယူပို့ဆောင်ရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ လျှပ်စစ်မီး ရရှိရေးကိစ္စ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဂျပန်ဝန်ကြီးချုပ်က မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်တွေကို ထောက်ခံတဲ့အကြောင်းနဲ့ မကြာမီ တပြည်လုံး အပစ်အခတ် ရပ်ဆဲရေး သဘောတူလက်မှတ်ထိုးနိုင်မယ့်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013