
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဘရူနိုင်းဘုရင်နဲ့ မိဘုရားတို့ကို ဆေးရုံမှာ သွားရောက်တွေ့ဆုံပြီးနောက် ဘုရင့်ရဲ့ ကျန်းမာရေးက “တည်ငြိမ်ပြီး အခြေအနေကောင်းတယ်” လို့ မေ ၂၈ ရက်မှာ ပြောပါတယ်။
ဒါပေမဲ့ ဘုရင်မင်းမြတ်ကို ဆေးအဖွဲ့က စောင့်ကြည့်ဖို့ လိုတုန်းပဲလို့ အန်ဝါက မီဒီယာကို သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။
ဘရူနိုင်းဘုရင် ဆူလတန် ဟတ်ဆန်နယ် ဘိုလ်ကီးယားဟာ ပင်ပန်းနွမ်းနယ်မှုကြောင့် မေ ၂၇ ရက်က မလေးရှားမြို့တော် ကွာလာလမ်ပူမှာ ဆေးရုံတင်ခဲ့ရတာပါ။
ဘရူနိုင်းဘုရင်ဟာ အင်္ဂါနေ့က ကွာလာလမ်ပူမြို့တော်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က တခြားခေါင်းဆောင်တွေနဲ့ တရုတ်ဝန်ကြီးချုပ် လီချန်၊ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) တို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
တော်ဝင်မိသားစုကလွဲလို့ ဘယ်ဧည့်သည်ကိုမှ လက်မခံဖို့ ဘုရင်ကို ဆရာဝန်တွေက အကြံပေးခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါက ပြောပါတယ်။
အင်္ဂါနေ့မှာ ဘုရင်ဟာ မောပန်းနွမ်းနယ်နေပြီး မလေးရှား ကျန်းမာရေးကျွမ်းကျင်သူတွေက အမျိုးသားနှလုံးဌာနမှာ ရက်နည်းနည်း အနားယူဖို့ အကြံပြုထားတယ်လို့ ဘုရင့်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
Source: Reuters