DVB Logo
Home
မြန်မာသတင်း
အလှမယ်မေဘရဏီသော်ကို ဂျပန်နိုင်ငံ၏ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်
DVB
·
November 13, 2014
အလှမယ်မေဘရဏီသော်ကို ဂျပန်နိုင်ငံ၏ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်
1 / 2
Donate to DVB

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့  ၂၀၁၄ နိုင်ငံတကာအလှမယ်ပြိုင်ပွဲဝင် မြန်မာအလှမယ် မေဘရဏီသော်ကို ဂျပန်နိုင်ငံရဲ့ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရပါတယ်။

DSC05988ဂျပန် ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာန ဂျပန်ခရီးသွားရေးကော်မရှင်ဌာန မင်းကြီးရဲ့ လက်မှတ်နဲ့ ခန့်အပ်လိုက်စာကို ဂျပန်နိုင်ငံတိုကျိုမြို့ကနေ မြန်မာနိုင်ငံအပြန် လေဆိပ်မှာ ပေးအပ်ခဲ့တာပါ။

54th Miss International Beauty and Pageant 2014 Contest မှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေဘရဏီသော်က လေ့ကျင့်ချိန် အရမ်းနည်းပေမယ့် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်လို့ ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ၅၃ နှစ်တိုင် ကျင်းပပြီးစီးခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ၇၃ နိုင်ငံမှာ ပြိုင်ပွဲဝင် Miss များ အများဆုံး လာရောက်ယှဉ်ပြိုင်ကြသည့် စံချိန်သစ် တင်ခဲ့သလို၊ Miss များသည် သံတမန်များ သဖွယ် နိုင်ငံ့ဂုဏ်ဆောင် ပညာတတ် အရည်အချင်းပြည့်သူများ ဖြစ်ကြသည်ကို ဂျပန်အစိုးရမှ သဘောပေါက်နားလည်ပြီး၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဂျပန် ခရီးသွားလာရေး ၀န်ကြီးဌာန တို့မှ ထောက်ခံအားပေးပြီး ပါဝင်လာကြပါသဖြင့် ဂျပန်နိုင်ငံအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် ဖြစ်သည်ဟုလည်း ပွဲကျင်းပသူ မစ္စ အကဲမီ ရှီမိုမူရာ (Ms. Akemi Shimomura)က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာ တိုကျိုအိုလံပစ်ပွဲကြီး ရှိနေသည့်အတွက် နိုင်ငံတကာက ပိုမို စိတ်ဝင်စား လာအောင် Miss International ပြိုင်ပွဲကို ၂၀၂၀ ထိ ဂျပန်နိုင်ငံတွင် နှစ်စဉ်ကျင်းပသွားမယ် လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013