DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းနှင့် မန္တလေးတိုင်းတွင် မြေငလျင်များ ထပ်မံလှုပ်ခတ် 
DVB
·
May 28, 2025
မကွေးတိုင်းနှင့် မန္တလေးတိုင်းတွင် မြေငလျင်များ ထပ်မံလှုပ်ခတ် 
Donate to DVB

မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းထဲမှာ  မြေငလျင်တွေ ထပ်မံလှုပ်ခတ်သွားတယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနနဲ့ စစ်ကောင်စီမိုးဇလဌာနတို့က  သတင်းထုတ်ပြန်ပါတယ်။

မေ ၂၇ ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီ  ၄၂ မိနစ်လောက်က မကွေးတိုင်း၊ ပခုက္ကူမြို့အနောက်တောင်ဘက် ၁၉ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

မနေ့ညနေ ၅ နာရီ ၅၄ မိနစ်လောက်မှာလည်း  မန္တလေးတိုင်း၊ ရမည်းသင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၃၈ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး  ရစ်ခ်တာစကေး ၄ ဒသမ ၃ အဆင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကတော့ မနေ့ ည ၁၀ နာရီ  ၄၂ မိနစ် ၂၉ စက္ကန့်မှာ ညောင်ဦးမြေငလျင်စခန်းမှ အရှေ့- အရှေ့အမြောက်ဘက် ၅ မိုင်ခန့်ကွာဝေးတဲ့ ညောင်ဦးမြို့ရဲ့  အရှေ့-အရှေ့မြောက်ဘက် ၄ မိုင်ခန့်အကွာ အနက် ၁၀၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်လှုပ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မနေ့ည  ၁၁ နာရီ ၃၄ မိနစ်ကျော်လောက်က  ပဲခူးတိုင်း၊ ရေတာရှည်မြို့ရဲ့ အ‌ရှေ့မြောက်ဘက် ၂၄ မိုင်အကွာမှာ  ပြင်းအား ရစ်ချ်တာစကေး ၃ ဒသမ ၁ ရှိ မြေငလျင်လှုပ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

မြေငလျင်တိုင်းတာစက်တွေရဲ့ ဗဟိုချက်ရဲ့ အနီးအဝေးပေါ်မူတည်ပြီး  ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်တာဖြစ်ပါတယ်။

စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်လို့ ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်အချက်တွေနဲ့အညီ နေထိုင်ကြဖို့ NUG အစိုးရက ထပ်မံအသိပေးကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013