
အီကွေဒေါနိုင်ငံ၊ ကမ်းရိုးတန်းမြို့၊ အက်စ်မရဲလ်ဒါရှိနိုင်ငံရဲ့ အကြီးဆုံး ရေနံချက်စက်ရုံမှာ လောင်စာဆီကန်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် မေ ၂၆ ရက်က မီးခိုးတွေ ထူထူထပ်ထပ် တက်လာတာကို မျက်မြင်သက်သေတွေ မြင်တွေ့ခဲ့ရပါတယ်။
မီးကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံပိုင်ရေနံကုမ္ပဏီ ပက်ထရို အီကွေဒေါနဲ့ နိုင်ငံရဲ့ စွမ်းအင်ဝန်ကြီးတို့က ပြောကြားခဲ့ပြီး ကုမ္ပဏီအနေနဲ့ ကြိုတင်ကာကွယ်မှုအဖြစ် လုပ်ငန်းလည်ပတ်မှုတွေကို ရပ်တန့်ထားကြောင်းလည်း ဆိုပါတယ်။
ပက်ထရို အီကွေဒေါ ကုမ္ပဏီရဲ့ အက်စ်မရဲလ်ဒါ ရေနံချက်စက်ရုံမှ ဝန်ထမ်းအားလုံး ထိခိုက်ဒဏ်ရာရရှိသူ မတွေ့ရှိရဘဲ ဘေးကင်းရာ ကယ်ထုတ်နိုင်ခဲ့ပြီးတော့ ဒီဖြစ်ရပ်ရဲ့ အကြောင်းရင်းကိုလည်း စုံစမ်းနေကြောင်းနဲ့ အခြေခံအဆောက်အအုံ ပျက်စီးမှုတွေ ဖြစ်လာနေတယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။
Source: Reuters