DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်မှ တရားမဝင် သယ်ဆောင်လာသည့် ထိုင်းဘတ်ငွေ ၁၈ သန်းနီးပါး ဖမ်းမိ 
DVB
·
May 27, 2025
မြန်မာဘက်မှ တရားမဝင် သယ်ဆောင်လာသည့် ထိုင်းဘတ်ငွေ ၁၈ သန်းနီးပါး ဖမ်းမိ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊  ဆန်ခလပူရီမြို့ထဲမှာ မေ ၂၆ ရက် က မြန်မာဘက်ခြမ်းကနေ တရားမဝင် သယ်ဆောင်လာတဲ့ ထိုင်းဘတ်ငွေ ၁၈ သန်းနီးပါး ဖမ်းဆီးရမိတယ်လို့ The Nation သတင်းမှာ ဖော်ပြပါတယ်။ 

တဘက်နိုင်ငံကနေ တရားမဝင်ငွေစက္ကူသယ်ဆောင်လာဖို့ရှိကြောင်း ကြိုတင်သတင်းပေးချက်ရ ရှိတာကြောင့် ဆန်ခရပူရီနယ်မြေရဲတပ်ဖွဲ့နဲ့  နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ယာဉ်အသွား အလာတွေကို စောင့်ကြပ်စစ်ဆေးခဲ့ကြတယ် ။ 

မနက် ၉ နာရီလောက်မှာတော့ အနက်ရောင် တိုယိုတာ ဖော်ကျွန်နာကားတစီးဟာ ဘုရားသုံးဆူ ( ထိုင်းဘက်ခြမ်း ) ကနေ ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စု ရုမ့်နမ့်ကျစ် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းလာပါတယ်။ တာဝန်ရှိသူတွေက အဆိုပါကားကို မသင်္ကာလို့ ရပ်တံ့စစ်ဆေးရာမှာ အစိမ်းရောင်အိတ် ၂ လုံးထဲမှာ ထိုင်းငွေစက္ကူအပြည့် ထည့်ထားတာတွေ့ရတယ်။ 

ယာဉ်မောင်းဖြစ်သူမှာ အသက် ၂၅ နှစ်ရွယ်ရှိ နိုင်းထနားဝပ် ဖြစ်ပြီး  သူဟာ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံကြား ကုန်ကူးသန်းရောင်းဝယ်သူဖြစ်တယ်။ အဲဒီငွေတွေလည်း မြန်မာဘက်က ကုန်ပစ္စည်းရောင်းချရတဲ့ငွေတွေဖြစ်ပြီး ထိုင်းဘက်က ပစ္စည်းတွေ ပြန်ဝယ်ဖို့ ယူဆောင်လာတာ လို့ ဆိုပါတယ်။

အဲဒီငွေတွေကို ဘုရားသုံးဆူ ကဆစ်ဖားနစ်လမ်းရှိ  အိမ်တအိမ်ထဲကနေ ဖြတ်သယ်လာတယ်၊ အဆိုပါ အိမ်ရဲ့ အရှေ့ခြမ်းက ထိုင်းဘက်ခြမ်းမှာဖြစ်ပြီး အိမ်နောက်ဘက်ခြံက မြန်မာဘက်ခြမ်းမှာပါတယ်၊ အိမ်စောင့်နေတဲ့ အလုပ်သမားကို ဘတ် ၅၀၀ ပေးတယ်၊ အရင်ကလည်း အဲဒီလို သယ်ဆောင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ 

ဒီတခေါက် သူသယ်ဆောင်ခဲ့တဲ့ ထိုင်းငွေမှာ ဘတ် ၁၀၀၀ တန် ၁၅၉၉၉ ရွက် ၊ ဘတ် ၅၀၀ တန် ၃၉၉၀ ရွက် စုစုပေါင်း တန်ဘိုး ၁၇ , ၉၉၄ , ၀၀၀ ဘတ် ( ၁၈ သန်းနီးပါး ) ရှိပါတယ်။ 

တာဝန်ရှိသူတွေက သူ့ကားကိုရော  ငွေတွေပါ သိမ်းဆည်းထားပြီး  အကောက်ခွန်ဥပဒေအရ တရားမဝင် ငွေသယ်ဆောင်မှုတွေနဲ့ အရေးယူသွားမယ်၊ ငွေပေးဖြတ်တဲ့ အိမ်ရှင်ကိုပါ ခေါ်ယူစစ်ဆေးနေတယလို့  ဆိုပါတယ်။

ထိုင်းဥပဒေအရ   နိုင်ငံဖြတ်ကျော်ငွေသယ်ဆောင်ခြင်းကို ဘတ် ၂ ,၀၀၀ ,၀၀၀ ထိသာခွင့်ပြုပြီး ဘတ်  ( ၄၅၀ ,၀၀၀ ) ထက်ပိုပါက သက်ဆိုင်ရာ အကောက်ခွန်ရုံးမှာ ခွင့်ပြုချက် ရယူရမယ် လို့ ဖော်ပြထားပါတယ်။ 

Source: The Nation

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013