DVB Logo
Home
နိုင်ငံတကာ
ကုန်သွယ်ရေး တိုးချဲ့ရန် တရုတ်နှင့် အင်ဒိုနီးရှားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
DVB
·
May 27, 2025
ကုန်သွယ်ရေး တိုးချဲ့ရန် တရုတ်နှင့် အင်ဒိုနီးရှားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
Donate to DVB

တရုတ်ဝန်ကြီးချုပ် လီချန်ဟာ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယံတိုနဲ့ မေ ၂၅ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန်နဲ့ ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲအတွင်း စီးပွားရေး ကမ္ဘာပြုဖြစ်စဉ်ကို ရင်ဆိုင်နေရချိန်မှာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ဖို့ ဆွေးနွေးခဲ့ပါတယ်။

လီဟာ အရှေ့တောင်အာရှရဲ့ အကြီးဆုံးစီးပွားရေးနိုင်ငံ အင်ဒိုနီးရှားဆီ ၃ ရက်ကြာ အလည်အပတ်ခရီးအတွက် မြို့တော် ဂျကာတာဆီ စနေနေ့မွန်းလွဲပိုင်းမှာ ရောက်လာတာပါ။

ဒါဟာ တရုတ်ဝန်ကြီးချုပ်အတွက် ဒီနှစ်ထဲမှာ ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်ရဲ့ ပထမဆုံးမှတ်တိုင် ဖြစ်ပါတယ်။

အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံတို့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ထွန်းသစ်စစီးပွားရေးနိုင်ငံ ၂၀ နဲ့ BRICS အဖွဲ့ဝင်နိုင်ငံတွေလည်း ဖြစ်ပါတယ်။

လီချန်ဟာ စနေနေ့ညနေပိုင်းမှာ အင်ဒိုနီးရှား-တရုတ် စီးပွားရေးဧည့်ခံပွဲဆီ ထင်ရှားတဲ့ တရုတ်စီးပွားရေးသမား အယောက် ၆၀ ကို ခေါ်ဆောင်ခဲ့ပါတယ်။

ပြင်ပစိန်ခေါ်မှုတွေ တိုးလာနေပေမဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ အခုနှစ်အတွင်း အမြန် တိုးတက်လာခဲ့တယ်လို့လည်း သူက မှတ်ချက်ပြုရင်း အလေးအနက် ပြောခဲ့ပါတယ်။

ဆူဘီယံတိုကလည်း လက်ရှိ နိုင်ငံတကာ အခြေအနေက ရှေ့မတိုးနောက်မဆုတ် ဖြစ်နေပြီး တဖက်သတ်ဝါဒနဲ့ အကာအကွယ်ပေးရေးဝါဒတွေ မြင့်တက်လာတယ်၊ အနိုင်ကျင့်တဲ့ အပြုအမူတွေ တိုးလာတယ်လို့ ပြောပါတယ်။

“နိုင်ငံ့စီးပွားရေးမှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့၊ အလုပ်အကိုင်တွေ ဖန်တီးပေးရင်း၊ နည်းပညာ လွှဲပြောင်းပြီး စီးပွားရေးလုပ်ငန်းတွေကို အထူးသဖြင့် ကျနော်တို့ရဲ့ မွေးရပ်မြေမှာ ယုံကြည်မှု တည်ဆောက်ခဲ့ကြတဲ့ တရုတ်အစိုးရနဲ့ ကုမ္ပဏီတွေကို ကျေးဇူးတင်တယ်” လို့ ပြောခဲ့ပါတယ်။

အင်ဒိုနီးရှားမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ ပိုလာပြီး ရင်းနှီးမြှုပ်နှံဖို့ကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

တရုတ်-အင်ဒိုနီးရှား အပြန်အလှန် ကုန်သွယ်မှုဟာ မနှစ်က အမေရိကန်ဒေါ်လာ ၁၄၇ ဒသမ ၈ ဘီလီယံ ကျော်လွန်ခဲ့ပြီး ၆ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ အင်ဒိုနီးရှားရဲ့ ၉ နှစ်ဆက်တိုက် အကြီးဆုံးကုန်သွယ်ဖက် ဖြစ်ခဲ့ပြီး တရုတ်ရဲ့ ခါးပတ်တကွင်း လမ်းတစင်း လို့ခေါ်တဲ့ ခေတ်သစ်ပိုးလမ်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကလည်း တိုးတက်နေတယ်လို့ လီက ပြောပါတယ်။

ခရီးသည် ၁၀ သန်းနီးပါးကို တင်ဆောင်တဲ့ အရှေ့တောင်အာရှရဲ့ ပထမဆုံး မြန်နှုန်းမြင့် ရထားလမ်းရဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှုလုပ်ငန်း အပါအဝင် သိသာတဲ့ တိုးတက်မှုကို မြင်တွေ့ခဲ့ရတယ်လို့ လီက ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013